ရခိုင်ပြည်နယ် ရဲ့ ရှေးဟောင်း ယဉ်ကျေးမှု နယ် မြေတစ်ခုဖြစ်တဲ့ ကျောက်တော်မြို့နယ်၊ ကျားနက်ကန်ကျေးရွားမှာဒီကနေ့ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ နေ့ထူး နေ့မြတ်မှာ ရှေးဟောင်း ဘုရားဆင်းတုတော် တစ်ဆူ တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

Photo credit - U Than Lwin

ရှေးဟောင်းဆင်းတုတော်ကို ကျောက်တော်ကျေးရွာမှာ နေထိုင်တဲ့ ဇနီး မောင်နှ နှစ်ယောက်မှ ဟင်းသီးဟင်းရွက်ခြံမှာ အသီးအနှံစိုက်ပျိုးရန် မြေတူးရာကနေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

Photo credit - U Than Lwin
Photo credit - U Than Lwin

ရှေးဟောင်းဆင်းတုတော်ကြီးကို ရှာဖွေတွေ့ရှိခဲ့တဲ့ နေ့က ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့ ဖြစ်တာကြောင့် ရွာသားတွေအနေနဲ့လည်း အတိုင်းမသိ ဝမ်းသာပျော်ရွှင်နေကြပါတယ်။ 

Photo credit - U Than Lwin
Photo credit - U Than Lwin
Photo credit - U Than Lwin

ရှေးဟောင်းဆင်းတုတော်ကြီးရဲ့ ဉာဏ်တော် က ၅ပေခန့်ရှိပြီး ရှေးဟောင်း အမွေအနှစ်ဖြစ်တာကြောင့် စနစ်ကျထိန်းသိမ်း စောင့်ရှောက်သွားမယ်လို့ သိရပါတယ်။ 

Photo credit - U Than Lwin
Photo credit - U Than Lwin

အများသူငှါ ဖူးမျှော်နိုင်ဖို့အတွက်လည်း ဆောင်ရွက်သွားမယ်လို့ ကျားနက်ကန် ဆရာတော်ကြီးက မိန့် ကြားထားပါတယ်။ ကဆုန်လပြည့်နေ့မှာ တူးဖော်တွေ့ရှိခဲ့တဲ့ ထူးထူး ခြားခြား ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်ကြီးရဲ့ ပုံ ရိပ်တွေကို ပရိသတ်အားကြီး အားလုံးပဲ ဖူးမျှော်နိုင်ဖို့အတွက် ဝေမျှပေးလိုက်ပါတယ်နော်။ 
SOURCE- U Than Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။