ဒီကနေ့ မေလ ၁၀ ရက်နေ့မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၊ မိုင်တိုင်အမှတ် (၃၃၄/၂) ) နဲ့ (၃၃၄/၃) ကြားမှာ ယာဉ်တိမ်းမှောက်မှုကြီး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ ကုန်တင်ကားကြီး တိမ်းမှောက်သွားတာဖြစ်ပြီး ကုန်တင်ကားကြီးက လုံးဝ ပတ်လက်လန်သွားတာဖြစ်ပါတယ်။

MFSD

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ ကုန်တင်ကားကို အမြန်လမ်းမီးသတ်မှ သွားရောက်ကယ်ဆယ်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

MFSD

ကားကြီးတစ်စီးလုံး ပက်လက်လန်သွားတဲ့အထိ မှောက်သွားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ လူသေဆုံးမှု မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

MFSD

ပြင်းထန်တဲ့ယာဉ်တိမ်းမှောက်မှုကြီး ဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာ အနည်းဆုံး တစ်ယောက်လောက်တော့ ရှိကောင်းရှိ နိုင်တယ်လို့ ထင်ရပေမယ့် Myanmar Fire Service ရဲ့ ထုတ်ပြန်ကြေညာထားချက်အရ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။