ယမန်နေ့ မေလ ၇ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်က ဘန်ကောက်မြို့ Erawen လေးမျက်နှာ နတ်ကွန်းအတွင်းမတော်တဆမှုကြီး ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်က နတ်ကွန်း ဘေးမှာ ပြန်လည် ပြင်ဆင်မှု ပြုလုပ်နေတဲ့Erawen Shopping Mall အပေါ်ထပ်ကနေ အစိတ်အပိုင်းတချို့လေးမျက်နှာ နတ်ကွန်း အတွင်းသို့ ပြုတ်ကျမှု ဖြစ်ပွါးခဲ့တာလို့ သိရပါတယ်။ 

Photo credit to original uploader 

လေးလံတဲ့အရာတွေ မြင့်မားတဲ့နေရာကနေပြုတ်ကျလာတာကြောင့် အောက်မှာလူသာရှိနေရင် ပွဲချင်းပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားမှာပါ။ ကံကောင်းချင်တော့ မတော်တဆမှု ဖြစ်ပွါးရာနေရာမှာ လူမရှိနေတာကြောင့် ထိခိုက်ဒဏ်ရာ ရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

လေးမျက်နှာ နတ်ကွန်းဟာ ဆုတောင်းပြည့်သလောက်နတ်ကြီးတယ်လို့ လူသိများတဲ့ နေရာဖြစ်ပါတယ်။ လွန်ခဲ့တဲ့၂၀၁၅ ခုနှစ်တုန်းကလည်း လေးမျက်နှာနတ်ကွန်းအတွင်း ဗုံးအကြီးစားပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီး လူအယောက် ၂၀သေဆုံးကာ ၁၂၅ ဦးအထိ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Photo credit to original uploader 

အခုတစ်ခေါက် မတော်တဆမှုကတော့ လူရှင်းနေတဲ့အချိန်မှာ ဖြစ်သွားခဲ့တာကြောင့် တကယ်ကံကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။