ဗုဒ္ဓဘာသာပြန့်ပွါးစေရေးအတွက် နိုင်ငံခြားဘာသာစကားနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီဆောင်ရွက်ပေးနေတဲ့အီတလီနိုင်ငံသူလေး ဂေါတမီရတနာဟာ မြန်မာပြည်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရောက်ရောက်ချင်းမှာပဲ ဂေါတမီရတနာဟာ သီလရှင်ဝတ်ပြီး သာသနာ့ဘောင်ထဲသို့ ဝင်ရောက်တော့မယ်လို့ သိရပါတယ်။ 

ဂေါတမီရတနာ’s Facebook 

သူမဟာ မနက်ဖြန်မှာ သီလရှင်ဆရာလေး အဖြစ် သာသနာ့ဘောင်ထဲသို့ ဝင်ရောက်တော့မှာ ဖြစ်တာကြောင့် ဒီနေ့က မိန်းကလေးတစ်ယောက်အဖြစ်နေရတဲ့ နောက်ဆုံး နေ့ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလိုလေးဖော်ပြပေးထားပါတယ်။ 

ဂေါတမီရတနာ’s Facebook 

“My last day as a girl. Tomorrow I will turn in a bald head sayalay ?”

ဂေါတမီရတနာ’s Facebook 
ဂေါတမီရတနာ’s Facebook 
ဂေါတမီရတနာ’s Facebook 
ဂေါတမီရတနာ’s Facebook 

ဂေါတမီရတနာလေးဟာ အီတလီ နိုင်ငံသူလေး ဖြစ်ပါလျက် မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုး တန်ဖိုးထားပြီး ဗုဒ္ဓတရားတော်ကို နက်နက်ရှိုင်း ယုံကြည်သက်ဝင် နေတာကြောင့်လည်း အံ့ဩချီးကျူးဖို့ကောင်းလှတဲ့ သူလေးဖြစ်ပါတယ်။ 

ဂေါတမီရတနာ’s Facebook 
ဂေါတမီရတနာ’s Facebook 

သူမဟာ မြန်မာပြည်ကို ရောက်ရောက်ချင်းမှာလည်း ဆရာလေးတွေ ကျောင်း (မယ်သီလရှင်ကျောင်း) တစ်ခုကို ဦးစွာရောက်ရှိပြီး အခုလို သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ဖို့ အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဂေါတမီရတနာ’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။