မြန်မာ့ လက်ရွေးစင် ဘောလုံးသမား အောင်သူဟာဆိုရင် တစ်ချိန်က မြန်မာ အသင်းမှာ လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။ 

Photo credit to original uploader 


ဘောလုံးသမားအောင်သူဟာ လက်ရှိမှာ ထိုင်းနိုင်ငံကနာမည်ကြီး ထိပ်သီး ကလပ်တစ်ခုဖြစ်တဲ့ ဘူရီရမ်အသင်းနဲ့ စာချုပ်ချုပ်ကာ လက်ရွေးစင် ကစားသမားတစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင် ကစားနေပြီပဲ ဖြစ်ပါတယ်။ 

Photo credit to original uploader 
Aung Thu’s Facebook 

ဘောလုံးပညာမှာ ထူးချွန်လွန်းတဲ့ အောင်သူဟာ ထိုင်းနိုင်ငံ ဘူရီရမ် အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးကာ  သွင်းဂိုး အများကြီး သွင်းပေးနိုင်ခဲ့ပါတယ်။ ဒီကနေ့မှာဆိုရင် ဘောလုံးသမားအောင်သူတစ်ယောက် သူပါဝင်ကစားနေတဲ့ ဘူရီရမ်အသင်းနဲ့အတူ ၂၀၂၁-၂၂ ဘောလုံးရာသီ ထိုင်းလိဂ်-၁ အမှတ်ပေးချန်ပီယံဆုဖလား ကြီးကိုရယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ 

Photo credit to original uploader 

ဒါကြောင့် မြန်မာ့ ဘောလုံးသမား အောင်သူဟာ ထိုင်းလိဂ်-၁ ဆုဖလားကို အရယူပေးနိုင်ခဲ့တဲ့ ပထမဦးဆုံး မြန်မာဘောလုံးသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

Photo credit to original uploader 

စွမ်းစွမ်းတမံ ကြိုးစားပြီး အောင်မြင်မှုတွေရအောင်ယူနိုင်ကာ မြန်မာကို ဂုဏ်တတ်အောင်လုပ်ပေးနိုင်ခဲ့တဲ့ ဘောလုံးသမားအောင်သူကို ဝိုင်းဝန်း ဂုဏ်ပြုပေးလိုက်ကြရအောင်နော်။ ဂုဏ်ယူပါတယ် ဖေဖေ အောင်သူရေ …

Aung Thu’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။