တောင်တက်သမားလေး မစိမ့်ထက်ဟာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်ကနေပြုတ်ကျသေဆုံးသွားခဲ့ရသူလေး ဖြစ်ပါတယ်။ ဒီကနေ့မှာဆို မစိမ့်ထက် သေဆုံးသွားခဲ့တာ အချိန် ၃ နှစ်ကျော်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ 

Photo credit
Photo credit

တောင်တတ်သမားလေး မစိမ့်ထက်အမှုအတွက် ဖခင်ဖြစ်သူက The Summiter  တောင်တက်အဖွဲ့ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကိုဇော်ဇင်ခိုင်နှင့် ကိုအောင်ခိုင်မြင့်တို့ နှစ်ဦးကို တိုင်ကြားခဲ့ပါတယ်။ 

Photo credit

ဒီကနေ့မှာတော့ တောင်တက်အဖွဲ့ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကိုဇော်ဇင်ခိုင်နှင့် ကိုအောင်ခိုင်မြင့်တို့ နှစ်ဦးကိုပေါ့လျော့မှုကြောင့် လူသေဆုံးစေမှု ပုဒ်မ ၃၀၄(က)အမှုအတွက် တစ်ဦးလျှင် ထောင်ဒဏ် တစ်နှစ်ခွဲနှင့် ငွေဒဏ်သုံးသိန်း ကျပ်စီ ချမှတ်ခဲ့ပြီး၊မြန်မာ့ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဒ်မ ၃၃အမှုအတွက် တစ်ဦးလျှင်ထောင်ဒဏ် ၁ လနှင့်ငွေဒဏ်တစ်သိန်းကျပ်စီ အသီးသီးချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

Photo credit

အပြီးသတ် အမိန့်ချမှတ်မှုကို ဧပြီလ ၂၇ ရက်က ပူတာအိုမြို့နယ် တရားရုံးကအမိန့်ချမှတ်ခဲ့ တာဖြစ်ပါတယ်။ အမှုက ၃ နှစ်ကျော််ကြာရှည်လျားခဲ့ပြီး လူသေဆုံးတဲ့ အမှုအတွက် အမိန့်ချမှတ်မှုမှာ ပြစ်မှုနဲ့  ပြစ်ဒဏ်ချမှတ်မှု မမျှတတာကြောင့် ဝေဖန်မှုများစွာဖြစ်ပေါ်နေပါတယ်။ 

Photo credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။