ဒီကနေ့ ဧပြီလ၃၀ရက်နေ့၊ညနေ၃နာရီကျော်အချိန်ခန့်က ရန်ကုန့်မြို့နေရာတော်တော်များများမှာ မိုးသတ်လေပြင်းများတိုက်ခတ်ခဲ့ပြီး မိုးကြိုးများ ပစ်ခတ်ခဲ့ပါတယ်။

Photo credit to original uploader

လေပြင်းတိုက်ခတ်ခဲ့မှုကြောင့်သင်္ကန်းကျွန်းမြို့နယ်၊သံသုမာလမ်းမကြီး မီးဒုံးလမ်းနဲ့ ကောက်လျှင်လမ်းကြားမှာလျှပ်စစ်ဓာတ်တိုင်တွေ ကျိုးကျပြီး မော်တော်ယာဉ်များအပေါ်ပိမိခဲ့တာကို ပုံပါအတိုင်း တွေ့ရပါတယ်။ 

Photo credit to original uploader

လေပြင်းတိုက်ပြီး မိုးရွာခဲ့တဲ့အချိန်က သိပ်မကြာခဲ့ပေမယ့်ဓာတ်တိုင်ကျိုးကျလောက်တဲ့အထိ ပြင်းထန်လိမ့်မယ်လို့တော့မထင်မိထားခဲ့ကြပါဘူး။ 

Photo credit to original uploader
Photo credit to original uploader

နွေခေါင်ခေါင်ကြီးမှာ မိုးပြင်းထန်စွာ ရွာသွန်းခဲ့တဲ့နေရာတွေကရန်ကုန်အပြင်မန္တလေး၊မကွေး၊မိုးကုတ်၊နဲ့ အခြားမြန်မာနိုင်ငံနေရာတော်တော်များများ ဖြစ်တယ်လို့ သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။