ဘန့်ဘွေးကျင်း ရေတံခွန်ကြီးဟာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာမှာတည်ရှိတဲ့ ရေတံခွန်ကြီးဖြစ်ပါတယ်။ ဘန့်ဘွေးကျင်း ရေတံခွန်ကြီးကို ရှမ်းတိုင်းရင်းသာ ဘာသာစကားနဲ့ “နမ့်တန်းရေတံခွန်” လို့ ခေါ်ဆိုကြပါတယ်။ 

Google

ဘန့်ဘွေးကျင်း ရေတံခွန်ကြီးဟာ အမြင့်ပေ ၅၅၀ ကျော်ရှိပြီး အလွန်လှပတဲ့ ရေတံခွန်ကြီး ဖြစ်ပါတယ်။ ဘန့်ဘွေးကျင်း  ရေတံခွန်ကြီးဟာ စွန့်စားသွားလာသူတွေ အကြိုက်နေရာတစ်ခု ဖြစ်ပြီး မြန်မာပြည်ရဲ့ အလှပဆုံး ရေတံခွန်ကြီး အဖြစ်တောင် တင်စားခေါ်ဝေါ်ထားတဲ့ နေရာဖြစ်ပါတယ်။ 

Google
Google

ဒီကနေ့မှာတော့ ပေပေါင်း ၅၅၀ ကျော်မြင့်တဲ့ရေတံခွန်ကြီးဟာ ခမ်းခြောက်လို့ သွားခဲ့ပါပြီ။ ဘန့်ဘွေးကျင်း  ရေတံခွန်ကြီး ခမ်းခြောက်သွားခဲ့တဲ့ မြင်ကွင်းကို ဓာတ်ပုံလေးပဲ ကြည့်ပြီး မရောက်ဖူးတဲ့ သူတွေကတော့ ယုံချင်မှယုံပါလိမ့်မယ်။

Photo credit to original uploader

 ဒါပေမယ့် အမှန်တရားကတော့ ဘန့်ဘွေးကျင်း  ရေတံခွန်ကြီးက တကယ်ပဲ ခမ်းခြောက်လို့ သွားခဲ့တာ ဖြစ်ပါတယ်။ 

Photo credit to original uploader

သာယာလှပခဲ့စဉ်အချိန်က ဘန့်ဘွေးကျင်း  ရေတံခွန်ကြီးရဲ့ ပုံရိပ်နဲ့ လက်ရှိရေများ ခမ်းခြောက်သွားတဲ့ ပုံရိပ်ကိုအားလုံးပဲ ကြည့်လို့ရစေရန် ဝေမျှပေးလိုက်ပါတယ်။ 

Photo credit to original uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။