ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာရှိတဲ့ အင်းလေးကန်ကြီးဟာဆိုရင် ကျေး ၊ ငှက်၊ သာရကာ အပေါင်းနဲ့ စည်ကားစိမ်းလန်းကာ အမြဲတမ်း ရေလေးတွေ ပြည့်နေတဲ့နေရာဖြစ်ပါတယ်။ အင်းလေးကန်နဲ့ ရေဆိုတာ ခွဲခွါလို့မရတဲ့ လိုက်ဖက်ညီလွန်းလှတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မကြာသေးမီက အင််းလေးကန်မှာ ရေတွေ ခမ်းနေပြီ ဆိုတဲ့ပုံရိပ်တွေ ထွက်ရှိလာပါတယ်။ အင်းလေးကန်က နှစ်စဉ်နှစ်တိုင်း နွေရာသီဆို ရေလျော့တတ်ပေမယ့် အခုလို ရေခမ်းသွားတဲ့ မြင်ကွင်းကတော့ တကယ့်ကို ရှားမှရှား ဖြစ်စဉ်ကြီးတစ်ခုပါ။ လှေကိုအားကိုးပြီး သွားလာရေးလုပ်ရတဲ့ အင်းသားတွေ အနေနဲ့လည်း ရေခမ်းမှုကြောင့် သွားလာရေး ခက်ခဲနေတယ်လို့ သိရပါတယ်။ 

Photo credit to original uploader 

ရေသိသိသာသာ ခမ်းသွားတဲ့နေရာက အင်းလေးကန်မှာရှိတဲ့ ဟဲယာရွာမ မှာဖြစ်တယ်လို့ သိရပါတယ်။ ရေခန်းပြီးခြေမျက်စိလောက်သာ ကျန်တော့တာကြောင့် ဟဲယာရွာမ ဒေသခံတွေအနေနဲ့ သွားရေးလာရေး အခက်အခဲဖြစ်နေတယ်လို့လည်း သိရပါတယ်။

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

အင်းလေးကန်ထဲကို စီးဝင်တဲ့ အဓိကချောင်းကြီးလေးသွယ် ရေခန်းခြောက်ခြင်းနှင့် လက်ရိုက်ဆည်တားထားနိုင်ခြင်းမရှိတာကြောင့် နွေရာသီတွေရောက်လာတိုင်း ယခုထပ်ပိုမို၍ရေခန်းခြောက်မှု ပြဿနာဆိုးဝါးလာနိုင်ကြောင်းရွာမဒေသခံများအဆိုအရသိရပါတယ်။

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

အင်းလေးဖောင်တော်ဦး ဘုရားအနီးမှာတော့ ရေအနည်းငယ်လျော့နည်းသွားပေမယ့် ရေကြောင်း ခရီး သွားလာမှုများ ဆက်လက်ပြုလုပ်နိုင်သေးတယ်လို့ သိရပါတယ်။ 

Photo credit to original uploader 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။