မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ကရင်ပြည်နယ်က ဇွဲကပင်တောင်ဟာ ပြည်တွင်းပြည်ပက ခရီးသွားတွေ စိတ်ဝင်တစားလာရောက်လည်ပတ်ခဲ့ကြတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ လာရောက်လည်ပတ်တတ်သူများတဲ့ ဇွဲကပင်တောင်ပေါ်မှာ မကြာခဏ လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ မတော်တဆ ပြုတ်ကျသေဆုံးခြင်း ၊ အကြောင်းအမျိုးမျိုးကြောင့် တောင်ပေါ်ကနေ ခုန်ချသေဆုံးခြင်းများဖြစ်ပေါ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဇွဲကပင်တောင်ပေါ်မှာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးလည်း သေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါ သေဆုံးမှုဖြစ်စဥ်ကတော့ ပုံမှန်မဟုတ်တာကြောင့် လူသတ်မှုအဖြစ် တာဝန်ရှိသူတွေက ကောက်ချက်ချထားခဲ့ကြပါတယ်။ ယမန်နေ့ ဧပြီလ ၂၇ ရက် ညနေပိုင်မှာလည်း ဇွဲကတောင်မှာ မလိုလားအပ်တဲ့ အနိဌာရုံဖြစ်ရပ်များ ဖြစ်လာမည့်အခြေအနေကို အချိန်မှီတားဆီးနိုင်ခဲ့တယ်လို့ လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။
ဒါကတော့ ဇွဲကပင်တောင်ပေါ်ကနေ ခုန်ချပြီးကိုယ့်ကိုယ်ကို သတ်သေဖို့ရောက်လာတဲ့ အသက် (17) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ တာဝန်ရှိသူများက အချိန်မှီသိရှိပြီး တားဆီးနိုင်ခဲ့တဲ့အတွက် တစုံတရာထိခိုက်မှုမရှိဘဲ အန္တရာယ်ကင်းစွာနဲ့ သူမရဲ့နေရပ်ကို ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့တယ် လို့ သိရပါတယ်။
ဇွဲကပင်တောင်ပေါ်မှာ မလိုလားအပ်တဲ့ အနိဌာရုံဖြစ်ရပ်များ မဖြစ်ရလေအောင် ဂေါပကအဖွဲ့နဲ့ နယ်ခံပရဟိတအသင်းများက ဇွဲကပင်တောင်တက်လမ်း အရှေ့ဘက်လမ်းနဲ့ အနောက်ဘက်လမ်း နှစ်လမ်းလုံးကို စောင့်ကြပ် ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။ အရင်က ဇွဲကပင်တောင်ပေါ်ကို တစ်ယောက်တည်း တက်ခွင့်ကိုပြုထားခဲ့ပေမယ့် အနိဌာရုံဖြစ်ရပ်ရှိလာခဲ့ခြင်းကြောင့် တစ်ယောက်တည်း သွားလာတက်ခွင့်ကို တာဝန်ရှိသူများကို ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
သတင်းအရင်းမြစ်: Source - ညီသုတ
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။