ထိုင်းနိုင်ငံတွင် စတိုးဆိုင်တွင်း ဘီကနီဝတ်ပြီး ကပြတဲ့ အမျိုးသမီးကို ထိုင်းရဲတဲဖွဲ့က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အဆိုပါ ထိုင်းအမျိုးသမီးက စတိုးဆိုင်ထဲမှာ ဘီကနီဝတ်ပြီး ကပြခဲ့တာဖြစ်ပြီး အဆိုပါ အမျိုးသမီး ကပြခဲ့တဲ့ ဗီဒီယိုကို L Kochakon Pun Boonmee ဆိုတဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တဆင့် တင်ထားတာဖြစ်ပါတယ်။

Photo Credit 

စတိုးဆိုင်ထဲမှာ ဘီကီနီဝတ်ပြီး ကနေနဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး လန်လက်ခါ ရဲစခန်းကနေ အဆိုပါ အမျိုးသမီးအကြောင်း စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘီကီနီဝတ်ပြီး ကခဲ့တဲ့နေရာက ရဲစခန်းရှေ့က အများ အမြင်မသင့်တဲ့ ဝပ်ပရာချန်ရက် အရှေ့မှာ ဖြစ်ပါတယ်။

Photo Credit 
Photo Credit 
Photo Credit 

စုံစမ်း တွေ့ရှိချက်တွေအရ အဆိုပါ အမျိုးသမီးက မိန်းကလေး အစစ် တစ်ယောက် မဟုတ်ဘဲ မိန်းမလျာတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအမျိုးသမီးကို ရဲတပ်ဖွဲ့ဝင်တွေက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ထားတဲ့ ဗီဒီယို ထဲကနေ တဆင့်တွေ့ရှိကာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။  သူမရဲ့ အသက်က ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး နာမည်က Pun Boonmee ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit 

Pun Boonmee  ကို အများပြည်သူ နေရာများတွင် ဆူညံသောအသံများ ပြုမူခြင်း၊ လူအများကို ရိုင်းစိုင်းတဲ့ အမူအရာတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်စေခြင်း၊ အရှက်ရစရာ အပြုအမူနဲ့ လမ်းသွားလမ်းလာများအနှောင့်အယှက် ဖြစ်စေခြင်း၊ လမ်းပိတ်ဆို့မှုများ ဖြစ်စေခြင်း၊ လူမြင်ကွင်းတွင် လူ့ဂုဏ်သိက္ခာ ထိခိုက်စေမယ့် လှပ်ပေါ်လော်လီ ဝတ်ဆင်ပြီး ရိုင်းပြခြင်း အစရှိတဲ့ ပြစ်မှုတွေနဲ့ အမှုဖွင့်ထား တာဖြစ်တယ်လို့  သိရပါတယ်။

Photo Credit 
Photo Credit 

Source - ဘန်ကေါက်လမ်းညွန် ကိုစိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။