ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့  နေ့လည် ၃ နာရီ အချိန် ခန့်လောက်က ယုဇနပလာဇာရှေ့ ကားမှတ်တိုင်မှာ ကောင်လေးတစ်ယောက်ကို လူသိရှင်ကြား လုယက်မှုကြီး ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ 

Photo credit 

ဖြစ်စဉ်က ကားမှတ်တိုင်မှာ လောင်းကစားဝိုင်း ပုံစံလုပ်ပြီး ကားမှတ်တိုင်မှာ ရှိတဲ့ သူတွေကို ပစ်မှတ်ထားတာလို့ သိရပါတယ်။ ဖြစ်စဉ်အကြောင်း ကို မျက်မြင်တွေ့ရှိသူ ပြည်သူတစ်ဦးက ဗီဒီယိုလေးနဲ့တကွ အခုလို ဝေမျှပေးထားပါတယ်။

Facebook 

“ကားမှတ်တိုင်နားမှာ လောင်းကစားဝိုင်း တစ်ခုလုပ်ပြီး

မှတ်တိုင်မှာ ရှိတဲ့ သူတွေကို ပစ်မှတ်ထားတယ်။

သူတို့ လူချည်းဘဲ ၈ယောက်လော​က်ရှိမယ် ထင်တယ်။

အဲဒီမှတ်တိုင်မှာ သူတို့ကစားနေတဲ့ဝိုင်းကို ကြည့်တဲ့ လူငယ် ကောင်လေးကို ပထမ ဦးဆုံး ပိုက်ဆံ ငါးသောင်း ထိုးပေးပြီး လောင်းကစားဝိုင်းထဲ မှာ သွားပေးခိုင်းတယ်။

အဲဒီကောင်လေးက မယူဘူး အတင်းငြင်းတာကို အမျိုးမျိုးပြောပြီး သွားပေးခိုင်းတယ်။

အဲဒီကောင်လေး သွားပေးတော့ အနီအစိမ်းအကွက်မှာ ချပေးလိုက်တာနဲ့ မင်း ပေါက်ပြီ ဆိုပြီး နောက်ထပ်၅သောင်း ထပ်ထုတ်ပေးတယ်။

Screenshot from original video

ဘေးနားက သူ့လူတွေကလည်း လုံးဝ ရှုပ်ယှက်ခက်သွားအောင် ဗြာများပြီး အာရုံနောက်သွားအောင် ကိုလုပ်တာ

ခနချင်းဘဲ မင်းဖုန်းပေး ဘာညာဆိုပြီး အတင်းတောင်းယူ 

Lock တွေဘာတွေတောင် ဖွင့်ခိုင်းတာ

အဲ့ဒီအခါမှ ကောင်လေးက ကျနော့် ဖုန်း ကျနော့်ဖုန်းပြန်ပေးဆိုပြီးတောင်းတာ ဖုန်းမပေးတဲ့အပြင် မျက်နှာကို ဖြတ်ရိုက် ပြီး ကန်ကျောက် တာတွေတောင်လုပ်တာ။

လူမြင်ကွင်းကြီးမှာ​နော်။

Video ထဲမှာကြည့်ပါ။

Facebook 

ပြီး​တော့ သူတို့ Taxi ပေါ်တက်ပြီးမောင်းပြေးဖို့ ကားတံခါးပိတ်တဲ့အချိန် အဲဒီကောင်လေး က တံခါးပိတ်မရ​အောင်လက်ထဲ့ပြီး သူ့ဖုန်း အတင်းပြန်တောင်းတာ

အုပ်စုဖွဲ့ပြီး လူမြင်ကွင်းမှာ ပေါ်တင်လုပြီး လူကိုပါရိုက်တာနော်။

အလုခံရတဲ့ဖုန်းက iphone ထင်တယ်။

ဖုန်းတင်မကဘူး၊ လွယ်ထားတဲ့ အိတ်လည်း ကြိုးပျက်

ပိုက်ဆံတွေပါ လုသွားတာ။

အော်ပြီး အကူအညီ တောင်းပေမယ့် ကူညီမယ့်သူ တစ်ယောက်မှ မရှိပါဘူး။

ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ ပုံစံကြီး အခြေအနေကြီး ကို ရောက်နေပြီ။

Video က ကိုယ်တိုင်ရိုက်တာ မဟုတ်လို့

မင်းကော အဲဒီအချိန် ဘာလုပ်နေသလဲ လာမမေးပါနဲ့။

Video ရိုက်တဲ့ မိတ်ဆွေကလည်း အများနဲ့ တစ်ယောက် ဆို​တော့ တခြားသူတွေ ဝင်ပါရင် သူလည်း ပြန်ကူချပေးလို့ရပေမယ့် ဘယ်သူမှ ဝင်ပါတာ ဝင်ကူတာ မရှိတာကြောင့်နောက်လူတွေ သတိထားလို့ရ​အောင် Video လေးဘဲရိုက်ယူထားလိုက်ရတာပါ။

လူအစည်အကားဆုံးအချိန် လူအစည်အကားဆုံး 

နေရာတစ်ခုမှာ အဲ့လို လုပ်တာဆိုတော့ 

ဘယ်လောက်​တောင် အခြေအနေဆိုးနေ​ပြီလဲ 

မပြောတတ်တော့​အောင်ပါဘဲ။”

Photo credit 

တွေ့ရ၊ မြင်ရ၊ ကြားရတာကြီး က တော်တော်အခြေအနေ ဆိုးနေတာပဲနော်။  လူသွားလူလာ များတဲ့ ကားမှတ်တိုင်တွေမှာပါ အခုလို မျိုးတွေ ဖြစ်နေပြီဆိုတော့ နောက်ဆို ဘယ်သွားသွား သတိထားကြပါလို့ပြောရင်း အခုအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။