ဒီကနေ့ ညနေပိုင်း ၄ နာရီ ဝန်းကျင်ခန့်က ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၊ မ.ဝ.တ လမ်းဆုံမှာ Foodpanda စက်ဘီးသမားတစ်ဦး ကားတိုက်ခံရတယ်လို့ သိရပါတယ်။ 

Screenshot from original video

အခင်း ဖြစ်ပွါးပြီး ပြီးချင်းမှာ တိုက်မိသွားတဲ့ ကားပိုင်ရှင် ယာဉ်မောင်းဟာ တာဝန်မယူဘဲ ထွက်ပြေးသွားတယ်လို့သိရပါတယ်။ ကာယကံရှင်က ထွက်ပြေးသွားတာကြောင့် တွေ့သူ မြင်သူများက အတိုက်ခံရတဲ့ Foodpanda စက်ဘီး သမားလေးကို ဝိုင်းဝန်း ကူညီပေးခဲ့ကြပါတယ်။  

Screenshot from original video
Screenshot from original video
Screenshot from original video


Foodpanda စက်ဘီးသမား ကားတိုက်ခံရမှု ဖြစ်ပွါးခဲ့သည့် မြင်ကွင်းကို ပြည်သူ တစ်ဦးက ဗီဒီယိုရိုက် မှတ်တမ်းတင်ပေးခဲ့ပါတယ်။ 

Facebook

ပြည်သူများကတော့ တိုက်ပြီး ထွက်ပြေးသွားတဲ့ ကားပိုင်ရှင်ကို ဝိုင်းဝန်း အပြစ်တင်နေကြပါတယ်။ 





"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။