ယူကရိန်နိုင်ငံက Reeny လို့ခေါ်တဲ့ ခွေးလေး တစ်ကောင် ဟာဆိုရင် ပြန်မလာတော့မယ့် သခင်ဖြစ်သူကို နေ့စဉ်နေ့တိုင်းမျှော်နေတဲ့သူလေးဖြစ်ပါတယ်။ ခွေးကလေး Reeny က ယူကရိန်းနိုင်ငံ မြို့တော် ကီယက်ဗ်နား Matkariv မှာနေထိုင်တဲ့ သူဖြစ်ပါတယ်။

Google

ခွေးကလေး Reeny  သူ့သခင်မလေးကို မျှော်နေခဲ့တာ တစ်လ ရှိသွားပါပြီ။ခွေးကလေး Reeny မသိသေးတာက သူ့သခင်မ ဟာ သူတို့ ရဲ့ အိမ်ဘေးနားလေးမှာပဲ မုဒိန်းကျင့်ပြီး အသက်ခံလိုက်ရတယ်ဆိုတာပဲဖြစ်ပါတယ်။

Google

ခွေးကလေး Reeny က သူ့သခင်မ သူတို့အိမ်နားမှာ လူမဆန်တဲ့ လုပ်ရပ်အလုပ်ခံရပြီး သေဆုံးသွားခဲ့တာကို လုံးဝမသိရှာပါဘူး။ ဒါကြောင့် သူ့ကို ဘယ်သူလာခေါ်ခေါ်မလိုက်ဘဲ အိမ်ဝကနေ သခင်ပြန်အလာကို မျှော်နေခဲ့တယ်လို့ သိရပါတယ်။ ခွေးကလေး Reeny ရဲ့ သခင်က ကလေးနှစ်ယောက် မိခင်ဖြစ်ပြီး ရုရှားတွေရဲ့ ပြန်ပေးဆွဲခံရကာ မုဒိန်းကျင့် အသတ်ခံလိုက်ရတာဖြစ်ပါတယ်။

Google

ခွေးကလေး Reeny ရဲ့ ဖြစ်ရပ်ဟာ သနားဖို့ကောင်းလွန်းလို့ ကမ္ဘာကျော်တဲ့ အထိကို နာမည်ကြီးသွားခဲ့ပါတယ်။

Google

ဒါကြောင့် Reeny ကို ယူကရိန်းနိုင်ငံရဲ့ သခင်ပြန်အလာကို စောင့်မျှော်နေတဲ့ ဟာချီကို လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

Google

ခွေးကလေး Reeny ဟာ နောက်ဆုံးအချိန်အထိ တောင့်ခံပြီး သခင်ဖြစ်သူကို စောင့်မျှော်နေပေမယ့် သခင်ဖြစ်သူ ပြန်မလာတော့တဲ့အဆုံး မှ နောက်ထပ် မွေးစားသူကို လက်ခံလိုက်တယ်လို့ သိရပါတယ်။ ခွေးကလေး Reeny က Akita Inu ခွေး အမျိုးအစားလေး ဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။