ယမန်နေ့က စက်သုံးဆီများကို အကန့်အသတ် ဖြင့်ရောင်းချမှုကြောင့် ယဉ်ကြောပိတ်ဆို့သည်အထိ ဖြစ်ပြီး ဆီများတန်းစီဝယ်ယူနေကြရပါတယ်။ ယမန်နေ့ ညနေပိုင်းကစပြီး ဆီဆိုင်များမှ စက်သုံးဆီများကို အကန့်အသတ်နဲ့ရောင်းမချတော့ဘဲ လိုသလောက်ရောင်းချပေးသွားတော့မယ်လို့ ကြေညာထားပေမယ့် ဆီစျေးနှုန်းကတော့ အရင်ကထက်ပိုတတ်သွားတယ်လို့ သိရပါတယ်။ 

Photo credit to original uploader
Photo credit to original uploader

ယမန်နေ့က 92 တလီတာကို ၁၈၉၀ ကျပ်စျေးနှုန်းပေးရပေမယ့် ဒီကနေ့မှာတော့ ၁၉၄၀ ကျပ်အထိ ဖြစ်သွားခဲ့ပြီးကျန်စက်သုံးဆီနှုန်းထားများလည်း ၂၀၀၀ ကျော်အထိ မြင့်တတ်သွားတာတွေရှိတယ်လို့ သိရပါတယ်။ 

Photo credit to original uploader
Photo credit to original uploader

ဆီများကို လိုသလောက်ရောင်းပေးမယ်လို့ ကြေညာထားပေမယ့်လည်း ဆီဝယ်ဖို့ တန်းစီနေတဲ့ ယာဉ်တန်းကတော့ဆက်လက်များပြားနေဆဲပဲဖြစ်ပါတယ်။ 

Photo credit to original uploader

ဒီကနေ့ရဲ့ ဆီဝယ်ဖို့ တန်းစီနေတဲ့ ယာဉ်တန်းကို ပုံလေးတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။