ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့၊ နံနက်ပိုင်း က ဆီဆိုင်များ မှာ ဆီကို အကန့်အသတ်နဲ့ ရောင်းချနေတာကြောင့် ကားများတန်းစီကာ ဆီဝယ်ထည့်နေရတယ်လို့ သိရပါတယ်။  စက်သုံးဆီကို အရင်ကလို လိုသလောက်မရတော့ဘဲ ဆီကို အကန့်အသတ်နဲ့ ရောင်းချနေတာကြောင့် ပြည်သူများအနေနဲ့ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ 

Photo credit to original uploader 

လူသုံးများသည့် စက်သုံးဆီအမျိုးအစား များဖြစ်သည့် 92 ဆီကို တစ်ခါဖြည့် ၂ သောင်းဖိုး ၊ 95 ကို တစ်ခါဖြည့် ၅သောင်းဖိုးသာဝယ်ယူရရှိနိုင်တော့တာကြောင့် ကားသမားများအနေနဲ့လည်း များစွာ အခက်အခဲဖြစ်နေကြတယ်လို့သိရပါတယ်။ 

Photo credit to original uploader 

အချို့ဆီဆိုင်များမှာ ဆီတစ်ခါဖြည့် ၁ သောင်းကျပ်ဖိုးအထိသာ ရောင်းချပေးတော့တယ်လို့လည်း ကြားသိရပါတယ်။ စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တတ်နေတဲ့အပြင် ကန့်သတ်ချက်များပါ ပြုလုပ်လိုက်တာကြောင့်ဆီတစ်ခါဝယ် နည်းနည်းသာရရှိတော့တယ်လို့ သိရပါတယ်။

Photo credit to original uploader 

စက်သုံးဆီများ ရှားပါလာမှုကြောင့် နောက်ဆက်တွဲ ပြဿနာများလည်း အဆမတန် ဖြစ်လာနိုင်ခြေရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။