ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်း ကျေးရွာမှာ ရိုးရိုးသာမန်မှို၊ စားလို့ရတဲ့ ပုံစံရှိတဲ့ မှိုကို စားရင်း ကလေးငယ်နှစ်ဦးအစာအဆိပ်သင့် သေဆုံးကာ မိခင်ဖြစ်သူ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။ 

Photo credit to original uploader 

အဆိုပါ သားအမိ သုံးယောက်တို့မှာ ဆာရ်ခွမ်ဓမ်း ကျေးရွာမှာရှိတဲ့ အလယ်တန်းကျောင်းဝင်းမှ ခူးလာတဲ့ တောမှိုကို ဧပြီလ ၆ရက်နေ့က ချက်ပြုတ်စားခဲ့ရာမှ သားအမိ သုံးဦးစလုံး အစာအဆိပ်သင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Photo credit to original uploader 

ကျောင်းဝင်းက သားနဲ့သမီး ခူးလာတဲ့မှိုကို အမေဖြစ်သူက ချက်ပြုတ်ပြီး စားလိုက်တာ အအမိသုံးယောက်စလုံးအန်ကြပြီး အန်ဖက်စားမိတဲ့ ခွေးပါ သေဆုံးသွားတယ်လို့ သိရပါတယ်။ မစားမိလိုက်တဲ့ ဖခင်ဖြစ်သူကတော့ ဘာမှမဖြစ်ဘူးလို့ သိရပါတယ်။ 

Photo credit to original uploader 

အဆိပ်သင့်မှိုပုံစံလေးက ရိုးရိုးစားနေကြ  ကောက်ရိုးမှိုလိုလို ၊ ငွေနှင်းမှိုလိုလို ပုံစံလေး ဖြစ်ပါတယ်။ မှိုပုံစံကသာမန်ပေမယ့် ပါဝင်တဲ့ ဓာတ်တွေက ပုံမှန်မဟုတ်တာကြောင့် အခုလို့ အစာအဆိပ်သင့်သွားတာ ဖြစ်ပါတယ်။ မှိုပုံစံကို ကြည့်ပြီး နောက်ခါ မစားမိရလေအောင် သတိပြုတတ်စေဖို့ အခုအကြောင်း အရာလေးကို ဝေမျှပေးလိုက်ရပါတယ်။ 

ကိုးကား 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။