သင်္ကြန်ကာလတွင် နယ်ပြန်သူများပြားသောကြောင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ဇီးရီုးမိုင် တိုးဂိတ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေတယ်လို့သိရပါတယ်။

Photo credit to original uploader

သင်္ကြန်ကာလ ရက်ရှည် ပိတ်ရက်ကြောင့် နယ်ပြန်သူများ ရှိသလို ခရီးထွက်သည့် သူများလည်း ရှိလာတာကြောင့် အခုလို ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်နေရတာလို့ သိရပါတယ်။ဆီဈေးများ မြင့်တတ်နေမှုကြောင့် ခရီးသွားစရိတ် ကားခဈေးနှုန်းများကတော့ အရင်နှစ်တွေကထက် မြင့်တတ်လျက်ရှိပါတယ်။

Photo credit to original uploader

မြန်မာ သင်္ကြန်ကလာ ပိတ်ရက်များကို ဧပြီလ ၉ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ ရုံးပိတ်ရက်အဖြစ် သက်မှတ်ထားတာကြောင့် အခုလို ရက်ရှည် ခရီးထွက်သူ များပြားနေရခြင်းဖြစ်ပါတယ်။ ရုံးပိတ်ရက်က ၉ ရက်နေ့မှ ဖြစ်ပေမယ့် ခရီးသွားကားများနှင့် ကိုယ်ပိုင်ကားများက ဒီကနေ့ ဧပြီလ ၈ ရက်နေ့ကတည်းက စတင်ထွက်နေပြီပဲဖြစ်ပါတယ်။  အမြန်လမ်း ဇီးရိုးမိုင် တိုးဂိတ်အဝင် ကားများ တန်းစီနေပုံ မြင်ကွင်းကို ဖော်ပြပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။