တောင်ငူမှာ အိမ်မွေးဝက်ဝံ ၂ကောင် စိတ်ရိုင်းဝင်ပြီး သခင်ဖြစ်သူကို ကိုက်သတ်တဲ့ သတင်းဟာ အင်တာနက်စာမျက်နှာပေါ်မှာ လူစိတ်ဝင်စားမှု များလျက်ရှိပါတယ်။ တောင်ငူမြို့နယ်မှာနေထိုင်တဲ့ ကိုအောင်ဆိုသူဟာ ဝက်ဝံများကို ချစ်တဲ့သူဖြစ်ပြီး သူများထားတဲ့ ဝက်ဝံစုစုပေါင်း ၁၂ ကောင်ရှိတယ်လို့ သိရပါတယ် ။ ဝက်ဝံ ၁၂ ကောင်ထဲက အိစိကွေးနဲ့ ချစ်ပိုက စိတ်ရိုင်းဝင်သွားပြီး သခင်ဖြစ်သူ ကိုအောင်ကို အသတ်သေဆုံးသည်အထိ မလွှတ်တမ်း ကိုက်ခဲ့တယ်လို့ သိရပါတယ်။

Photo credit to original uploader

သခင်ဖြစ်သူကို ကိုက်ခဲ့တဲ့ အချိန်က ဒီကနေ့ ဧပြီ လ ၇ ရက်နေ့ မနက် ၃ နာရီလောက်မှာဖြစ်တယ်လို့ သိရပါတယ်။ ကိုအောင်ခေါ် မြင့်မိုရ်နန်းဟာ ဟာ "အနှိုင်းမဲ့အကြင်နာပရဟိတ" နာမည်နဲ့ တိရိစ္ဆာန်များကို မွေးမြူထားသူတဦးဖြစ်ပြီး စိတ်ရင်းစေတနာ အရမ်းကောင်းတဲ့ သူလို့ သိရှိရပါတယ်။

ဝက်ဝံကိုက်ပြီး သေဆုံးသွားရတဲ့ ကိုအောင်နဲ့ ပတ်သတ်ပြီး ကိုလှမျိုးဝင်း မြန်မာစာက အခုလိုမျိုး ရေးသားထားပါတယ်။

Photo credit to original uploader

"ကိုအောင်ကြီးအရမ်းမောင်းချင်တဲ့ ရုံးကနာရေးကားနဲ့ပဲ ရင်ခွဲရုံအရောက်ပို့ဆောင်ပေးခဲ့တယ်။ကိုအောင်ရယ် ခင်ဗျာရဲ့ အနိူင်းမဲ့အကြင်နာ ကြီးကတော့လက်လန်ပါတယ်ဗျာ"

Photo credit to original uploader

ဝက်ဝံကြီးနှစ်ကောင် ကိုအောင်ကို ကိုက်သတ်ချိန်မြင်ကွင်းက အရမ်းကို ရက်စက်လွန်းလှပြီး မြင်ရသူအဖို့ စိတ်နှလုံး မချမ်းမြေ့ဖွယ် ကောင်းလှတယ်လို့ သိရပါတယ်။ လူအသားက ချိုလွန်းလို့လား မသိ စိတ်ရိုင်းဝင်သွားတဲ့ ဝက်ဝံနှစ်ကောင်က သခင်ဖြစ်သူကို လုံးဝ မလွှတ်ပေးဘူးလို့ သိရပါတယ်။ အလောင်းဝင်ကောင်ဖို့ မလွယ်ကူတာကြောင့် ကိုအောင် အရမ်းချစ်ရတဲ့ ဝက်ဝံနှစ်ကောင် ချစ်ပိုနဲ့ အိစိကွေးကို အသက်သေဆုံးတဲ့အထိ သေနတ်နဲ့ ၃ ချက်တိတိ ပစ်ခဲ့တယ်လို့ သိရပါတယ်။

Source - ကိုလှမျိုးဝင်း မြန်မာစာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။