ယမန်နေ့ ဧပြီလ ၆ ရက်နေ့ ည ၈ နာရီ အချိန်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး ၊ ရုံးပေါင်းဆုံရှေ့ရှိ ကားလမ်းမှ ပေ ၂၀၀၀ ခန့် ဝေးကွာသော နေရာမှာ ရှိတဲ့ ကိုင်းတောများ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

Htin Lin Aung's Facebook
Htin Lin Aung's Facebook
Htin Lin Aung's Facebook

မီးစတင်လောင်ကျွမ်းချိန်က ၈ နာရီ ၁၅ မိနစ်အချိန်မှာ ဖြစ်ပြီး ၁၀ နာရီ ၂၆ မိနစ်အထိ မီးဆက်လက် လောင်ကျွမ်းနေခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုကို ပုလဲ အရံမီးသတ် တပ်ဖွဲ့မှ မီးရိုက်တုတ်များ ၊ သစ်ကိုင်းများဖြင့် ငြိမ်းသတ်လျက်ရှိတယ်လို့ သိရပါတယ်။

Htin Lin Aung's Facebook
Htin Lin Aung's Facebook
Htin Lin Aung's Facebook

ကိုင်းတောများဖြစ်တာကြောင့် မီးလောင်မှုက ပိုပြီး ဆိုးရွားလာပြီး မီး အရှိန်လည်း တော်တော် ပြင်းခဲ့တယ်လို့ သိရပါတယ်။

Htin Lin Aung's Facebook

ကိုင်းတော မီးလောင်မှုက ဘယ်ကနေ စတင်လောင်ကျွမ်းခဲ့မှန်းတော့ မသိရှိရသေးဘူးလို့ သိရပါတယ်။ မီးလောင်မှု အခြေအနေ ပုံရိပ်များကို အားလုံးပဲ ကြည့်လို့ရစေရန် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။