စားစရာ နေစရာ အခက်အခဲဖြစ်ကာ ဒုက္ခရောက်နေတဲ့ ဘုန်းဘုန်းကြီး ဦးပညာကို ကိုပူတူးနှင့်အဖွဲ့က ကယ်တင်ပေးလိုက်နိုင်တယ်လို့ သိရပါတယ်။ ဘုန်းဘုန်း ဦးပညာဟာ၂၀၀၈ ခုနှစ် ၊ နာဂစ်မုန်တိုင်းမှာ မိသားစုအားလုံး သေဆုံးပြီး တစ်ယောက်တည်းကျန်ခဲ့ကာ ဒုက္ခရောက်နေတဲ့သူဖြစ်ပါတယ်။

ArrPuu Tuu's Facebook

ဘုန်းဘုန်း ဦးပညာရဲ့ သက်တော်က ၇၀ နှစ် ရှိနေပြီဖြစ်ပြီး ဝါတော်က ၁၀ ဝါရှိနေပြီလို့ သိရပါတယ်။ လောကီကို စွန့်လွှတ်ပြီး ၊ လောကုတ္တရာအလုပ်ကို စိတ်နှစ်ပြီး လုပ်ဆောင်နေတဲ့ ဘုန်းဘုန်း ဦးပညာဟာ အနိစ္စ ၊ ဒုက္ခ ၊ အနိတ္တ မမြဲခြင်း တရားသဘောကို မလွန်ဘဲ ဒုက္ခရောက်နေခဲ့တာဖြစ်ပါတယ်။

ArrPuu Tuu's Facebook

အသက်ကလည်းကြီး ဆွေမျိုးနီးစပ်ကျောထောက်နောက်ခံလည်း မရှိတာကြောင့် နေစရာမရှိ ၊ လမ်းဘေးနေရာမှာ ဆင်းရဲ့ မှု အဖုံဖုံနဲ့ ဒုက္ခရောက်နေတဲ့ ဘုန်းဘုန်း ဦးပညာကို ကိုပူတူးနှင့် အဖွဲ့က ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီပေးခဲ့ပြီး အသက်ရှင်နိုင်ဖို့အတွက် ဆက်လက် ဆောင်ရွက်ပေးခဲ့တဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလိုလေး ရေးထားပါတယ်။

ArrPuu Tuu's Facebook

“ဘုန်းဘုန်းကြီးအား…ကယ် လိုက်နိုင်ပါပြီနော် ??

ဘုန်းဘုန်းကြီး ဦးပညာ

သက်တော် - (၇၀)နှစ်

ဝါတော် - (၁၀)ဝါ

(၂၀၀၈)ခုနှစ် နာဂစ် မုန်းတိုင်းတွင် မိသားစုအားလုံး သေဆုံးပြီ ဘုန်းဘုန်းတပါးတည်း ကျန်ခဲ့သည်ဟု သိရှိရပါတယ်

ဘုန်းဘုန်းကြီး ကျန်းမာရေးအတွက် လိုအပ်သည်များအား စစ်ဆေးနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ပေးထားပါတယ် ဗျ ??

ကျန်းမာရေးကောင်းမွန်ပြီဆိုမှ တရားရိပ်သာတွင် လုံခြုံနွေးထွေးစွာ သီတင်းသုံးနိုင်အောင် စီစဉ်ထားပါတယ်ဗျ??????

ကျနော်တို့ ဘုန်းဘုန်းကြီးအား ကမ်းနာလမ်း(ကျောက်လမ်းမကြီး) လမ်းဘေးနေရာမှ ကယ်တင်လိုက်နိုင်ပါပြီ ????

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

#ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437”

ArrPuu Tuu's Facebook

လက်ရှိမှာဆိုရင်တော့ ဘုန်းဘုန်းကြီး ဦးပညာတစ်ယောက် အသက်ဘေး အန္တရာယ်ကနေ စိတ်ချသွားနိုင်တဲ့ အနေအထား ရှိသွားပြီလို့ သိရပါတယ်။ ဘုန်းဘုန်းကြီးကို ကူညီကယ်တင်ပေးခဲ့တဲ့ ကိုပူတူးနှင့်ဘော်ဒါများအဖွဲ့ရဲ့ မွန်မြတ်တဲ့ စေတနာအကြောင်းလေးကို ချီးကျူးရင်း အခုအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။