ကမ္ဘာ့အကြီးဆုံး ယူကရိန်းပိုင်လေယာဉ်ကြီးဖြစ်တဲ့ Antonov AN-225 လေယာဉ်ကြီးကတော့ စစ်ပွဲအတွင်းမှာ ပျက်စီးသွားခဲ့ရပါပြီ။ Antonov AN-225 လေယာဉ်ကြီးဟာ ကမ္ဘာ့အကြီးဆုံးလေယာဉ်ကြီး အဖြစ် သက်မှတ်ခြင်းခံခဲ့ရတာဖြစ်ပြီး ၁၉၆၀ ပြည့်လွန် နှစ်တွေက စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

Google

လေယာဉ်ကြီးမှာ လေယာဉ်အင်္ကျီ ၆ လုံး တပ်ထားပြီး လေယာဉ်ရဲ့ နာမည်ကို ယူကရိန်းလို Mriya လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ အဓိပ္ပါယ် ကောက်ရရင် အိမ်မက်လို့ အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။ ရှရှားတပ်တွေ ကျူးကျော်လာချိန်မှာ လေယာဉ်ကြီးက ကိဗက်မြို့အနီးက လေယာဉ်ရုံနားမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

Google

ရုရှားတပ်တွေ ကိဗက်မြို့ကို သိမ်းပိုက်ပြီးချိန် ဖေဖော်ဝါရီ လကုန်ပိုင်းလောက်မှာ လေယာဉ်ကြီးကို ဖောက်ခွဲ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Google

ရုရှားတပ်တွေ ပြန်ဆုတ်ခွာသွားချိန်မှာတော့ အရာရာ ပျက်စီးဆုံးရှုံးသွားတဲ့ မြို့ပျက်ကြီးနဲ့အတူ လေယာဉ်ကြီးကို အခုလို တွေ့ခဲ့ရတာဖြစ်ပါတယ်။

Google

လေယာဉ်ကြီး ပျက်စီးသွားခဲ့ရတာနဲ့ ပတ်သတ်ပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က တွိစ်တာစာမျက်နှာပေါ်မှာ အခုလို ဆိုထားပါတယ်။

Google

“ရုရှားတွေက လေယာဉ်ကြီး Mriya ( အိမ်မက်) ကိုပဲ ဖျက်စီးလို့ရချင်ရမယ်။ ငါတို့ ယူကရိန်းလူမျိုးတွေရဲ့ ရင်ထဲက ပြင်းထန်တဲ့ အိမ်မက်ကြီးကိုတော့ ဘယ်တော့မှ ဖျက်ဆီးလို့ရမှာမဟုတ်ဘူး။ ငါတို့ ယူကရိန်းတွေ နိုင်ကိုနိုင်ရမယ်”

Dmytro Kuleba

Google

ပျက်စီးသွားခဲ့ရတဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီး Mriya ( အိမ်မက်) ဟာ ယူကရိန်းနိုင်ငံအတွက် တန်ဖိုးထားရတဲ့ လေယာဉ်ကြီးဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီး ပျက်စီးသွားခဲ့ရတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက လူအများကလည်း များစွာ စိတ်မကောင်းဖြစ် ဝမ်းနည်းနေကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။