ရှရှားစစ်တပ်ရဲ့လက်မှ ပြန်လည် ရယူနိုင်ခဲ့တဲ့ ယူကရိန်းနိုင်ငံမှ မြို့တစ်မြို့မှာ အရပ်သား ရုပ်အလောင်းများကို သွေးပျက်ဖွယ် တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ အလောင်းများဟာ အစုလိုက် အပြုံလိုက် မြုပ်နှံခြင်းခံထားရတဲ့ ပုံစံဖြစ်ပြီး တချို့ရုပ်အလောင်းတွေဆိုရင် ကြိုးတုပ်ကာ အနီးကပ် ပစ်သတ်ခြင်း ခံထားရတဲ့ ပုံစံတွေ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit to original uploader
Photo Credit to original uploader

အခုလို အရပ်သားများကို သတ်ဖြတ်ပြီး အလောင်းများကို သင်္ချိုင်းနေရာ တစ်ခုမှာ အစုလိုက် အပြုံလိုက် မြုပ်နှံထားတဲ့ ပုံရိပ်ကို နိုင်ငံတကာ အတိုင်း အဝိုင်းတွေကလည်း ဒေါသထွက် ရှုံ့ချနေကြပါတယ်။

Photo Credit to original uploader

လက်ရှိမှာ ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပြီး ရုရှားတပ်တွေ ထွက်ခွာသွားတဲ့ မြောက်ပိုင်း နယ်မြေတွေကို ယူကရိန်းတပ်တွေက ပြန်လည် ထိန်းချုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit to original uploader
Photo Credit to original uploader

ရှရှားတပ်တွေပြန်လည် ထွက်ခွာသွားလို့ မြို့ပျက်ကြီးအလားဖြစ်နေတဲ့ အဆိုပါနေရာမှာ အလာင်း စုစုပေါင်း ၃၀၀ ခန့်ထိ ရှိတယ်လို့ သိရပါတယ်။

Photo Credit to original uploader
Photo Credit to original uploader

အလောင်းတွေ တွေ့ရှိခဲ့ရတဲ့နေရာက ဘူချာမြို့မှာ ဖြစ်ပြီး သေဆုံးသူတွေအရေအတွက်နဲ့ သတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေကို သီးခြား အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ လူသေအလောင်းတွေနဲ့ ပြည့်နေတဲ့ ယူကရိန်းနိုင်ငံက ခြောက်ခြားထိတ်လန့်စရာ မြို့ပျက်ကြီးဟာ ကမ္ဘာ့နိုင်ငံများ အကြားမှာ စိတ်ဝင်စားမှု များပြားလျက်ရှိနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။