ထိုင်းနိုင်ငံတောင်းပိုင်း ပါတနီမြို့နယ်မှာရှိတဲ့ ငါးဖမ်းလှေပေါ်က စွန့်ပစ်ငါးသေ အပုပ်နံ့တွေကြောင့် မြန်မာ အလုပ်သမား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပင်လယ်ထဲမှာ (၁၀) ရက်ကြော်ကြော ငါးဖမ်းပြီးပြန်လာတဲ့ လှေကမ်းအဝင်လမ်းခရီးမှာ တိရစ္ဆာန်အစာ အဖြစ် အသုံးပြုရန် အတွက် ငါးအပုပ် စွန့်ပစ်ငါးတွေ ထားတဲ့ အခန်းမှာ ငါးပါကင် သွားတူတဲ့အချိန် ထွက်လာတဲ့ အပုပ်နံ့များကြောင့် မြန်မာရေလုပ်သမား ၃ ဦး သေဆုံးသွားတယ်လို့သိရပါတယ်။
![](https://s9.kh1.co/51/519d62da284dd714002fa2547af231f12f643f67.jpg)
ထိုင်း ငါးဖမ်းလှေပေါ်မှာ ငါးအပုပ်တွေကို ရေခဲထည့်တာ နည်းတာရယ် ဆားကြမ်း ထည့်တာ နည်းတာရယ်ကြောင့် လူကို သေစေနိုင်တဲ့အထိ ဂတ်စ်တွေ ထွက်လာတာဖြစ်ပါတယ်။
![](https://s9.kh1.co/48/48449d4e4c6f855115ac339a294be268baff3173.jpg)
ငါးပုပ် ဂတ်စ်နံ့ကြောင့် သေဆုံးသွားခဲ့ရတဲ့ မြန်မာ လုပ်သား ၃ ဦးဟာ ထိုင်းလှေဆရာရဲ့ အတင်းအဓ္ဓမ ခိုင်းစေခြင်းကို ခံခဲ့ရလားဆိုတာကို သံသယ ဖြစ်နေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ သေဆုံးသူ မြန်မာနိုင်ငံသား ၃ ယောက်ဟာ အသက် ၂၀ ကျော် ကနေ ၃၀ ကျော် အရွယ်ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ သူတွေလို့ သိရပါတယ်။
![](https://s9.kh1.co/0a/0aea61081183a231be6f6782c8b18be10a66b392.jpg)
သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် လုပ်ငန်းခွင်တွင်း မတော်တဆ သေဆုံးမှု နစ်နာကြေး လျော်ကြေးငွေ ပေးအပ်သွားမယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ MWRN ရဲ့ အဆိုအရ သိရပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။