မကြာခဏ လူသေဆုံးမှုတွေဖြစ်ပေါ်ခဲ့ဖူးတဲ့ ဇွဲကပင်တောင်ပေါ်မှာပြီးခဲ့တဲ့ မတ်လ၃၀ရက်နေ့ကလည်း ကောင်မလေးတစ်ဦးပြုတ်ကျပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။ပြုတ်ကျသွားသူကောင်မလေးကို၁ရက်ကျော်ကြာ ဧပြီလ၁ရက်နေ့မှာအထက်ရေတံခွန်ဘုရားလေးနားက လျှိုထဲမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

Myanmar Rescue Or 
Myanmar Rescue Or 

ပိုပြီးထူးဆန်းတာကသေဆုံးသူကိုရှာဖွေတွေ့ရှိချိန်မှာပြုလုပ်ခဲ့တဲ့စုံစမ်းစစ်ဆေးမှုတွေအရမူမမှန်တဲ့ဖြစ်ရပ်တွေရှိနေခဲ့တယ်လို့သိရပါတယ်။ 

Credit

သေဆုံးသူမှာပြုတ်ကျသေဆုံးတဲ့ဒဏ်ရာမျိုးရှိမနေဘဲဦးခေါင်းကြေမွတဲ့ပုံစံမျိုးသာရှိနေပြီးအလောင်းကိုလည်းသစ်ရွက်ခြောက်များကျောက်တုံးများနဲ့အုပ်ထားတယ်လို့လူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့အဆိုအရသိရပါတယ်။ 

သေဆုံးသူ အမျိုးသမီး

သေဆုံးသူအမျိုးသမီးဟာ မတ်လ၃၀ရက်နေ့က သူမချစ်သူလို့ယူဆရတဲ့သူတစ်ဦးနဲ့ တောင်ပေါ်ကိုတတ်ခဲ့တာဖြစ်တယ်လို့မျက်မြင်တွေ့ရှိသူတွေရဲ့ အဆိုအရ သိရပါတယ်။တောင်အောက်ကိုပြန်ဆင်းလာချိန်မှာတော့ အတတ်တုန်းကလို၂ဦးမဟုတ်တော့ဘဲအမျိုးသားတစ်ဦးသာ ပြန်ဆင်းလာခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။ဒါကြောင့်သေဆုံးသူအမျိုးသမီးရဲ့ချစ်သူလို့ ယူဆရသူကို စုံစမ်းစစ်ဆေးမေးမြန်မှုတွေလုပ်ဆောင်ဖို့ ရှာဖွေနေတယ်လို့ သိရပါတယ်။

Credit
Credit

ဇွဲကပင်တောင်ပေါ်မှာအရင်ကလည်း၂၀၂၀ဇွန်လမှာတစ်ကြိမ်၊၂၀၂၀ဇူလိုင်လမှာတစ်ကြိမ်၊၂၀၁၆ခုနှစ်မှာတစ်ကြိမ်အခုလိုလူသေဆုံးတဲ့ဖြစ်ရပ်မျိုးတွေရှိခဲ့ဖူးပါတယ်။ဒါပေမယ့်အခုတစ်ခေါက်ဖြစ်စဉ်ကတော့ပြုတ်ကျသေဆုံးတဲ့ဖြစ်စဉ်ထက်လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ဖြစ်စဉ်နဲ့ပိုတူနေတာကြောင့်စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတာလို့သိရပါတယ်။အမှုမှန်ပေါ်ပေါက်ဖို့အတွက်ကိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။