ချဲလ်ဆီးအသင်းပိုင်ရှင် Roman Abramovich နဲ့ ယူကရိန်း ငြိမ်းချမ်းရေး ညှိနှိုင်းသူများ အဆိပ်သင့်သည်ဟု သံသယ ဖြစ်ခဲ့ကြကြောင်း သိရှိရပါတယ်။  ချဲလ်ဆီးအသင်းပိုင်ရှင် Roman Abramovich ဟာ ရုရှားနိုင်ငံကိုယ်စား ယူကရိန်း ငြိမ်းချမ်းရေး ညှိနှိုင်းသူများနဲ့အတူ အစည်းအဝေး တတ်ရောက်ခဲ့တာဖြစ်ပါတယ်။

Google

Roman Abramovich နဲ့ ယူကရိန်း ငြိမ်းချမ်းရေး ကစားသမားများက မတ်လ အစပိုင်းတုန်းက ယူကရိန်းနိုင်ငံ Kyiv မြို့မှာ အစည်းအဝေး လုပ်ပြီးတဲ့နောက်မှာ အခုလိုမျိုး အဆိပ်သင့် ဝေဒနာ ခံစားခဲ့ရတာလို့ သိရပါတယ်။ ခံစားခဲ့ရတဲ့ အဆိပ်သင့်ဝေဒနာ လက္ခဏာများက မျက်လုံးနီခြင်းနဲ့ အရေပြားနီမြန်းခြင်း ကဲ့သို့သော လက္ခဏာများ ဖြစ်တယ်လို့ သိရှိရပါတယ်။

Google

အဆိပ်သင့်ဝေဒနာကို ရုရှားလူမျိုး ကိုယ်စားလှယ် Roman Abramovich  နဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့မှ အကြီးတန်း အဖွဲ့ဝင် နှစ်ဦး စုစုပေါင်း ၃ ဦးတို့ဆီမှာသာ ခံစားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Google

မစ္စတာ Abramovich  ဟာ ဖေဖော်ဝါရီလ တုန်းက ယူကရိန်း ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ဆင်နွှဲခဲ့တာနဲ့ ပတ်သတ်ပြီး ညှိနှိုင်းဆွေးနွေးမှု လုပ်ရန် တောင်းဆိုမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးပြီးတဲ့နောက်မှာ အဆိပ်ခပ်ခံရတဲ့ ဝေဒနာတွေ ခံစားခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

Google

အဆိပ်ခပ်ခံရတာ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့လဲဆိုတာ မသိပေမယ့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေသူတွေအတွက် အရင်ကထက်ပိုပြီး သတိထားရတော့မှာပဲဖြစ်ပါတယ်။ ရှုပ်ထွေးပြီး မာယာများတဲ့ နိုင်ငံရေးအကြောင်းကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။

Source - https://www.independent.co.uk/news/world/europe/ukraine-russia-abramovich-poisoning-peace-b2045780.html?fbclid=IwAR0BS5rCcjMO2duMU4snGIrihKNctsgavWy2qUyPtprpty-cCTdN3tySEcc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။