ကိုဗစ်ရောဂါအခြေအနေကြောင့် ကာလအတန်ကြာ ပိတ်ထားသည့် ရုပ်ရှင်ရုံတွေကို မကြာခင်ပြန်ဖွင့်ပေးတော့မယ်လို သိရပါတယ်။ ရုပ်ရှင်ရုံတွေကို နှစ်ဆန်းတစ်ရက်နေ့ ၊ ဧပြီလ ၁၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ပထမဦးဆုံး ရုံတင်ဇာတ်ကားကို သရုပ်ဆောင် လူမင်းနဲ့ရွှေမှုရတီတို သရုပ်ဆောင်ထားတဲ့ ဝေးမနေချင်ဘူး ဇာတ်ကားကို ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Google

ရုံတင်ဇာတ်ကားများကို အပတ်စဉ် သောကြာနေ့တိုင်း ဇာတ်ကားအသစ် လဲလှယ်မှာဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးက မတ်လ ၂၅ ရက်နေ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

Google

ပြသမယ့် ရုပ်ရှင်ဇာတ်ကားတွေက ဧပြီလ ၁၇ ရက်မှာ  သရုပ်ဆောင် လူမင်းနဲ့ ရွှေမှုန်ရတီပါဝင်တဲ့ ဝေးမနေချင်ဘူး ဇာတ်ကား၊ ဧပြီလ ၂၉ ရက်မှာ သက်တန့်အိမ်ထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် ပြေတီဦးနဲ့ ဖွေးဖွေးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ လိပ်ပြာထောင်ချောက်ဇာတ်ကား၊ မေလ ၆ ရက်နေ့မှာ သရုပ်ဆောင် ပိုင်တံခွန်နဲ့ အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ မှောင်တိုက်ဇာတ်ကား၊ မေလ ၁၃ ရက်မှာ ကာလာထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် ပြေတီဦးနဲ့ ဝတ်မှုန်ရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရွာဂေါ်ဇာတ်ကား၊ မေလ ၂၀ ရက်မှာ ပါဝါကင်းထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် အောင်ရဲလင်းနဲ့ အိန္ဒြာကျော်ဇင်ပါဝင်သရုပ်ဆောင်ထားတဲ့ အချိုဆုံး အချစ်အပြင်းဆုံးအချစ် ဇာတ်ကား နဲ့ မေလ ၂၇ ရက်မှာ နယူးပွိင့်ထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် ပြေတီဦးနဲ့ ခိုင်သင်းကြည်တို ပါဝင်သရုပ်ဆောင်ထားတဲ့ ကမောက်ကမသမီးယောက္ခမ ဇာတ်ကားတို ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

Photo credit to Original uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။