မြန်မာနိုင်ငံမှာ ဝယ်ယူရောင်းချနေကြတဲ့ ထိုင်းနိုင်ငံ အမှတ်တံဆိပ်ဆေး တစ်ခုဖြစ်တဲ့ ရသေ့ဆေး (ခေါ်) ထိုင်း ဗိန်းတောဆေးမှာ ကြောက်လန့်ဖို့ကောင်းတာတွေ ပါဝင်နေတာကို ထိုင်နိုင်ငံ FDA အဖွဲ့က ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။ဒီအကြောင်းအရာကို ထိုင်းနိုင်ငံ FDA က တရားဝင် ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

Thai FDA

သတင်းအရင်းမြစ်: Thai FDA

ရသေ့ဆေး (ခေါ်) ထိုင်းဗိန်းတောဆေးကို မြန်မာနိုင်ငံမှာလဲ ရောင်းချလျက်ရှိနေတယ်လို့ သိရပါတယ်။ရောဂါ သက်သာမှု လျင်မြန်တာကြောင့် လူသုံးများလျက်ရှိနေပြီး ဒူးနာ ခါးနာ အကြောသမားတွေအပြင် အခြား ထိခိုက်ဒဏ်ရာ ရောဂါ အမျိုးမျိုးအတွက်ပါ အသုံးပြုနိုင်တယ်လို့ ကြော်ငြာ ရောင်းချနေတာကြောင့် လူကြိုက်များ ရေပန်းစားလျက်ရှိပါတယ်။

Thai FDA
Thai FDA
Thai FDA

ဆေးပုလင်းထဲမှာ ထည့်သွင်းအသုံးပြုထားတဲ့ ဆိုးရွားလှတဲ့ ပါဝင်ပစ္စည်းတွေကြောင့် စသုံးသုံးခြင်းမှာ ရောဂါ သက်သာသွားသလို ရှိပေမယ့် နောက်ပိုင်းကျရင်ကျောက်ကပ်ကို ဆိုးရွားစွာ ထိခိုက်ပျက်ဆီးကာ လူသေဆုံးတဲ့အထိ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

Thai FDA
Thai FDA
Thai FDA

ကြောက်ဖို့ကောင်းလွန်းတဲ့ ထိုင်းတိုင်းရင်းဆေး တစ်မျိုးဖြစ်တာကြောင့် အကယ်၍ ဒီဆေးကို အသုံးပြုနေတဲ့ သူတွေရှိပါက သတိထားမိစေရန်အတွက် အခုအကြောင်းအရာလေးကို ဝေမျှပေးလိုက်ရပါတယ်။

Source - Thai FDA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။