သက်တော် ၁၀၀ ကျော်သည့်တိုင် မပျက်မကွက် ဆွမ်းခံကြွတော်မူခဲ့သည့် ဆရာတော်ကြီး ဘဒ္ဒန္တသီဟ ဟာ သက်တော် ၁၀၄ နှစ် အရွယ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit to Original uploader

ဆရာတော်ကြီးက သက်တော် ၁၀၀ ကျော်သည့်တိုင် ဆွမ်းခံကြွကာ သာသနာပြုခဲ့သူ ဖြစ်ပါတယ်။ ဆရာတော်ကြီးနေထိုင်ရာ အရပ်က မကွေးတိုင်း ဒေသကြီး ၊ ပုခုက္ကူ ခရိုင် ၊ မြစ်ခြေမြို့နယ် ၊ သဇင်ကျေးရွာ မှာ ဖြစ်ပါတယ်။

Photo Credit to Original uploader

ဆရာတော်ကြီးက မဇ္ဈိမာရာမကျောင်းတိုက်ရဲ့ ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး သက်တော်ရာကျော်သည့်တိုင် ဇရာကို အံတုကာ ဆွမ်းခံ ကြွခဲ့သည့် ရဟန်း ဖြစ်တာကြောင့် ဂုဏ်သတင်းကျော်စောသည့် ဆရာတော်ကြီးလည်းဖြစ်ပါတယ်။

Photo Credit to Original uploader
Photo Credit to Original uploader

သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တသီဟ ဆွမ်းခံထွက်လာတော်မူသည့် ပုံရိပ်များကို အားလုံးပဲ ဖူးမျှော်ကြည်ညိုလို့ရစေရန် ဝေမျှပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။