အခုနောက်ပိုင်း ရာသီဥတု ပူပြင်းလာတာကြောင့်ရယ် လျှပ်စစ်မီး အန္တရာယ်တွေကြောင့်ရယ် မီးလောင်ကျွမ်းမှုများ ခပ်စိတ်စိတ် ဖြစ်လာပါတယ်။ ဒီကနေ့ ၂၃ ရက်နေ့ နံနက် ၃ နာရီ ၂၁ မိနစ် ခန့်အချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး ၊ စမ်းချောင်းမြို့နယ် ၊ မုန့်လုပ်ဆောင်းတောင်ရက်ကွက် ဟံသာဝတီ အဝိုင်းအနီးမှာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

Photo Credit to Original Owner

မီးလောင်ကျွမ်းမှုကို အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃)စီးနဲ့ ရပ်ကွက် နေပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါတယ်။ နံနက် ၃ နာရီ ၄၈ မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့ပြီး စုစုပေါင်း အချိန် နာရီဝက်နီးပါး ငြိမ်းသက်ခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit to Original Owner

မီးလောင်မှုကို တတ်နိုင်သမျှ ကြိုးစားငြိမ်းသတ်ခဲ့ပေမယ့်လည်း အိမ်ရဲ့ အပေါ်ပိုင်း တစ်ပိုင်းလုံး နီးပါး မီးထဲပါသွားခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှု တော်တော်လေးများနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Photo Credit to Original Owner
Photo Credit to Original Owner

မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရသေးပေမယ့် လျှပ်စစ်မီးကြောင့် လောင်ကျွမ်းရခြင်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။