မြန်မာနိုင်ငံကို ဦးတည်ကာ ဗဟိုပြုဝင်ရောက်မယ့် မုန်တိုင်းငယ်ဟာ ဒီကနေ့ နေ့လည်ပိုင်းကစလို မြန်မာပြည်တွင်းသို့ ဝင်ရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

https://earth.nullschool.net

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ မိုးထစ်ချုန်းရွာတာ ၊ မိုးကြီးတာတွေ ရှိလာနိုင်ပြီး ၊ လေတိုက်နှုန်းတွေလည်း တစ်ခါတစ်လေ ၄၅ မိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။ 

Credit to original uploader
Credit to original uploader

မိုလေဝသဇလဗေဒဦးစီးဌာနကတော့ မုန်တိုင်းက မြန်မာနိုင်ငံကို ဖြတ်သန်းခါနီးဖြစ်တာကြောင့် အနီရောင်လို့ သတ်မှတ်ထားပြီး မုန်တိုင်း ဖြတ်သန်းနေချိန်ကို အညိုရောင်အဖြစ်သတ်မှတ်ကာ မုန်တိုင်း ဖြတ်သန်းပြီး ချိန်ကိုတော့ အစိမ်းရောင်အဖြစ် မုန်တိုင်းအဆင့်သတ်မှတ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။

Credit to original uploader
Facebook

မိုးလေဝသ ပညာရှင်တွေကတော့ မုန်တိုင်းရဲ့ အခြေအနေကို သုံးသပ်ပြီး မုန်တိုင်းက အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဖြစ် မရှိနိုင်တော့ဘူးလို့ဆိုကြပါတယ်။ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မရှိနိုင်တော့တာကြောင့် အရေးပေါ် စိုးရိမ်ရတဲ့ အခြေအနေကနေ ကျော်လွှားသွားနိုင်ပေမယ့် ပေါ့ဆလို့မရနိုင်သေးဘူးလို့တော့ သိရပါတယ်။ ဒါကြောင့် မုန်တိုင်း လမ်းကြောင်းရှိရာ ဒေသမှာ နေထိုင်သူများအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ တိုက်တွန်း နှိုးဆော်ထားမှုတွေလည်း ရှိနေပါတယ်။

Credit to original uploader

ဒီကနေ့ နေ့လည်ပိုင်းအချိန်မှာတော့ ဧရာဝတီတိုင်းဒေသကြီး က နေရာတော်တော်များများမှာ လေတိုက်နှုန်း အနည်းငယ်ကြမ်းနေပြီး လှိုင်းထန်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။

Credit to original uploader
Facebook

မုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံနေရာဒေသ အတော်များများမှာ မိုးသည်းထန်မှုတွေရှိလာခဲ့ပါတယ်။ မိုးသန်းထန်ပြီး လေပြင်းတိုက်ခက်နေတဲ့ မြန်မာနိုင်ငံနေရာ ဒေသတွေရဲ့ ပုံရိပ်တွေကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

Credit to original uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။