ပိုက်ဆံတစ်ထောင်ပေးလိုက်ရင် သူ့ဘာသာသူ ထမင်းဆိုင်မှာ ဝက်သားဟင်းနဲ့ ထမင်းသွားဝယ်စားတတ်တဲ့ ခွေးကလေး တစ်ကောင်အကြောင်းဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ ရပ်ကွက်ထဲက လူအများက ခွေးကလေးရဲ့ နာမည်ကို အောင်နိုင်စိုးလို့ နာမည်ပေးထားပြီး ခွေးကလေးက ပိုက်ဆံတစ်ထောင်တန်ကို ပါးစပ်လေးနဲ ကိုက်ကာ ကိုယ်တိုင်ကိုယ်ကျ ဆိုင်သွားဝယ်တာလို့ သိရပါတယ်။

Photo Credit to Original Uploader
Photo Credit to Original Uploader
Photo Credit to Original Uploader

ဝက်သားနဲ့ ထမင်းတစ်ပွဲက ငွေကျပ် တစ်ထောင် တန်ဖိုးရှိတာကြောင့် တစ်ထောင်မဟုတ်ဘဲ ငါးရာပဲပေးပါက ခွေးလေးက ဆွဲဖြဲတယ်လို့ သိရပါတယ်။ ငွေကျပ်တစ်ထောင်ကို ဆိုင်ရှင်က ထမင်းနဲ့ဝက်သားအားလုံး နယ်ဖက်ပြီးတဲ့ အထိစောင့်ပြီးမှ ခွေးလေးက ငွေကျပ် တစ်ထောင်ကို ပေးတယ်လို့ သိရပါတယ်။

Photo Credit to Original Uploader
Photo Credit to Original Uploader

ခွေးလေးစားဖို့အတွက် ကြွပ်ကြွပ်အိတ်လေးနဲ့မထုပ်ပေးရင်လည်း ခွေးလေးက လုံးဝ ပိုက်ဆံမပေးဘူးလို့ သိရပါတယ်။ ခွေးလေး အောင်နိုင်စိုးက ရပ်ကွက်ထဲမှာ နာမည်ကြီးပြီး လူနဲ့ အရမ်းကို ယဉ်ပါးတဲ့ ခွေးလေးဖြစ်တာကြောင့် လူတော်တော်များများက ခွေးလေး အောင်နိုင်စိုးကို ချစ်ကြပါတယ်။

Photo Credit to Original Uploader

ပိုက်ဆံ တစ်ထောင်ပေးရင် ကိုယ့်ဘာသာ ဝက်သားနဲ့ထမင်း သွားဝယ်စားတတ်တဲ့ ခွေးလေး အောင်နိုင်စိုး အကြောင်းကို ချစ်စရာကောင်းစွာ တင်ဆက်ပေးလိုက်ရပါတယ်။

Photo Credit to Original Uploader

Source - Nay Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။