ထိုင်းနိုင်ငံ လရောင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သားအဖနှစ်ယောက်ရဲ့ မေတ္တာအကြောင်းဟာ အရမ်းကို နာမည်ကြီးနေပါတယ်။ဇာတ်လမ်းလေးကတော့ ဖခင်ဖြစ်သူက သမီးစားချင်တဲ့ ဟော့ပေါ့ကျွေးဖို့အတွက် လရောင်ပြည်နယ်က “Hello Shabu” ဆိုင်ကိုသွားခဲ့ကြပါတယ်။

Credit to Original Uploader

 ဟော့ပေါ့စားဖို့ ဈေးမေးလိုက်တဲ့အခါမှာ ဟော့ပေါ့ ဈေးက အရမ်းကြီးတာကြောင့် ဖခင်ဖြစ်သူက မစားဘဲဆိုင်အပြင်ကိုထွက်ကာ သမီးလေးဖြစ်သူကိုသာ ဆိုင်လေးမှာ စားစေခဲ့ပါတယ်။

Credit to Original Uploader
Credit to Original Uploader
Credit to Original Uploader

ဖခင်ဖြစ်သူက မစားတာကြောင့် သမီးဖြစ်သူကလည်း မစားဘဲ နောက်ကလိုက်သွားပါတယ်။ စိတ်မကောင်းစရာ သားအဖလေးနှစ်ယောက်ရဲ့ ပုံရိပ်လေးကို ဆိုင်ရှင်ဖြစ်သူက မြင်ခဲ့ပြီး သားအဖနှစ်ယောက်လုံးကို ဟော့ပေါ့ကျွေးခဲ့ပြီး သမီးဖြစ်သူအတွက် မွေးနေ့ကိတ်ကလေးကိုပါ စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။

Credit to Original Uploader

ပျော်ရွှင်နေတဲ့ သားအဖနှစ်ယောက်လေးရဲ့ ပုံရိပ်လေးက အရမ်းကိုချစ်ဖို့ကောင်းပြီး လူစိတ်ဝင်စားမှုများပြားလျက်ရှိပါတယ်။

Credit to Original Uploader

တစ်ယောက်နဲ့တစ်ယောက် ငဲ့ညှာမှုအပြည့်ရှိတဲ့ ဖခင်နဲ့ သမီးဖြစ်သူတို့ရဲ့ ပုံရိပ်လေး တွေကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာပြီး နာမည်ကြီးနေခဲ့ပါတယ်။ သားအဖ နှစ်ယောက်ကို ပါရမီလေးတွေ ဖြည့်ပေးခဲ့တဲ့ စေတနာကောင်းတဲ့ ဆိုင်ရှင်ကိုပါ ဝိုင်းဝန်းချီးကျူးခဲ့ကြပြီး ဆိုင်ကို သွားရောက်အားပေးကြဖို့ တိုက်တွန်းမှုတွေ ရှိလာတဲ့အထိ ဖြစ်ခဲ့ပါတယ်။

Credit to Original Uploader

အပြိုင်အဆိုင်တွေများတဲ့ လောက သဘာဝထဲမှာ  အချင်းချင်းမေတ္တာလေးတွေ ထားကြတဲ့ သားအဖနှစ်ယောက်နဲ့ ဆိုင်ပိုင်ရှင်ရဲ့ တကယ့်ဖြစ်ရပ်မှန်အကြောင်းလေးကို  စိတ်အေးချမ်းဖွယ် တင်ဆက်ပေးလိုက်ရပါတယ်။

Source - Chan Nyein Soe - Idea in Bangkok

Image - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။