ရုရှားရဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ယူကရိန်း ကလေးငယ် တစ်ရာကျော်သွားပြီလို့ သိရပါတယ်။ ကနဦးသိရှိချက်တွေအရ ၁၀၃ ရောက်လို့ဆိုထားပေမယ့် အရေအတွက်က ဒီထက်များသွားနိုင်တယ်လို့ သိရပါတယ်။ ယူအမ်ကလည်း နေ့စဉ်နှင့်အမျှ ယူကရိန်းနိုင်ငံမှ ကလေးအရေအတွက် ၁ မိနစ်ကို ၅၅ ယောက်နှုန်းဖြင့် စစ်ဘေးရှောင်တွေ ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Google
Google

စစ်ပွဲအတွင်းမှာ ယူကရိန်း ကလေးငယ်အရေအတွက် ၁၀၃ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၁၀၀ ဦးဒဏ်ရာပြင်းထန်စွာ ရရှိထားတာကြောင့် သေဆုံးဦးရေ ထပ်ပြီး မြင့်တတ်လာနိုင်ဖွယ်ရှိပါတယ်။

Google

ရုရှားတပ်တွေက ယူကရိန်းနယ်မြေရှိ ငြိမ်းချမ်းနေတဲ့ မြို့ကြီးတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခက်မှုတွေ လုပ်နေတာကြောင့် အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုပါ ထိခိုက်လာတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီးက ဆိုပါတယ်။

Google

ကလေးငယ်အများဆုံးသေဆုံးခဲ့တဲ့ မြို့တွေက Kyiv ၊ Kharkiv ၊ Donetsk နဲ့ Kherso တို့ဖြစ်တယ်လို့သိရပြီး ရုရှားဘက်က ပစ်ခက်တဲ့ဗုံးဒဏ်တွေကြောင့် ပညာရေးအဆောက်အအုံ ၄၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။

Google

ငယ်ရွယ်ပြီး အပြစ်ကင်းတဲ့ ကလေးငယ်လေးတွေ အခုလို ဆုံးပါးနေရတာဟာ တကယ်ကို စိတ်မကောင်းစရာကြီး ဖြစ်ပါတယ်။

Google

နောက်ထပ်လည်း ဘယ်လောက်ထိ ဆိုးရွားမှုတွေ ဖြစ်လာနိုင်ဦးမလဲ သုံးသပ်ရင်း ယူကရိန်းနိုင်ငံအခြေအနေကို စိတ်မကောင်းဖြစ်ဖွယ် တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။