ရုရှားရဲ့ ကျူးကျော်မှုကြောင့် တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာခဲ့တဲ့ ယူကရိန်းနိုင်ငံမှာဆိုရင် အခြေအနေတွေပိုပြီး ဆိုရွားလာခဲ့ပါတယ် ။ ပြည်တွင်းရေးအခြေအနေတွေ မငြိမ်သတ်ပေမယ့်လည်း ယူကရိန်းနိုင်ငံပြည်သူတွေကတော့ အကောင်းဆုံးတတ်နိုင်သမျှ မိမိတို့ တိုင်းပြည်ကို စောင့်ရှောက်ပေးနေကြပါတယ်။

(Photo: AFP)

ဒီထဲက ချစ်သူစုံတွဲနှစ်ဦးကလည်း တိုင်းပြည်ကို စောင့်ရှောက်ရင်း လက်ထပ်ခဲ့ကြပါတယ်။ တိုက်ပွဲတွေကြားမှာ လက်ထပ်ခဲ့ကြတဲ့ ယူကရိန်းစုံတွဲနှစ်ဦးရဲ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

(Photo: AFP)

ပုံထဲမှာတွေ့ရတဲ့ Lesya နဲ့ Valeriy တို့နှစ်ဦးက ရုရှား နဲ့ ယူကရိန်းစစ်ဖြစ်နေတဲ့ 112 brigade ခံတပ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ယူကရိန်း စစ်ဗိုလ်ချုပ်ကြီးက လက်ထပ်ပေးခဲ့တာဖြစ်ပြီး အရင်နေ့တွေတုန်းကလည်း , Klevets နဲ့ Natalia Vladislave စုံတွဲလေးက Odessa ဗုံးခိုကျင်းထဲမှာ လက်ထပ်ခဲ့ကြပါသေးတယ်။

(Photo: AFP)
(Photo: AFP)

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံမှာရှိတဲ့ Vinnytsia လေဆိပ်ကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။ လက်ရှိမှာဆိုရင် ရုရှား - ယူကရိန်း နှစ်နိုင်ငံအခြေအနေက ပိုမိုပြင်းထန်လျက်ရှိပြီး ယူကရိန်းနိုင်ငံပြည်သူတွေအနေနဲ့လည်း တက်နိုင်တဲ့ဘက်က ကြိုးစားတိုက်ပွဲဝင်ပေးနေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။