မြန်မာနိုင်ငံနေရာအချို့မှာ လျှပ်စစ်ဓာတ်အားပေးမှုကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ အချိန်ပိုင်းလျော့သွားမည်ဆိုသည့် အကြောင်းကြားမှုကြောင့် ဆက်သွယ်ရေး အခက်အခဲများ ရှိလာနိုင်တယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာကို တယ်လီနော မြန်မာ ၊ အော်ရီဒူး မြန်မာ အော်ပရေတာများမှ အသုံးပြုသူတွေဆီကို တရားဝင် အကြောင်းကြားစာ ပို့လာခဲ့တာဖြစ်ပါတယ်။

Google

မတ်လ ၁၂ ရက်နေ့ကနေ မတ်လ ၁၈ ရက်နေ့အတွင်း မီးပျက်မှုများလည်း ပိုမိုဆိုးရွားနိုင်လာတယ်ဆိုတဲ့ ကြေညာချက်တွေနဲ့အတူ မိုလ်ဘိုင်းဖုန်း ဆက်သွယ်ရေးလိုင်းများ ၊ အင်တာနက်ကွန်ရက်များပါ ပျောက်တောက်လာနိုင်တယ်ဆိုတဲ့ အကြောင်းကြားစားတွေထုတ်လာတာကြောင့် ဝေဖန်မှုများ အပြားအပြား ရှိနေပါတယ်။

Google

တယ်လီနော်မြန်မာကနေ ပို့လိုက်တဲ့ အကြောင်းကြားစာကို ဖော်ပြပေးလိုက်ပါတယ်။

Telenor Myanmar

“နေရာအချို့တွင် လျှပ်စစ်ဓါတ်အားပေးလွှတ်မှုကို မတ်လ၁၂ ရက် မှ ၁၈ရက်အထိ အချိန်ပိုင်းလျှော့ချသွားမည်ကို တာဝန်ရှိသူများမှအသိပေးထားသည်နှင့်အညီ ဖြစ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို တယ်လီနောမြန်မာအနေဖြင့် အတတ်နိုင်ဆုံးလျှော့ချလုပ်ဆောင်သွားမည်။ထိုကာလတွင်းယာယီခဏ ဆက်သွယ်ရေးအခက်အခဲများရှိနိုင်သောကြောင့်အဆင်မပြေမှုများအတွက် နားလည်ပေးပါရန်မေတ္တာရပ်ခံပါသည်။”

Google

အခုနောက်ပိုင်းမှာ မီးပျက်မှုက တစ်နေ့တစ်ခြားပိုမိုဆိုးရွားလာပြီး ပြည်သူတွေအနေနဲ့လည်း ရေခက်ခဲမှု ၊ ကုန်ဈေးနှုန်းတတ်မှု ၊ အေးခဲ ပစ္စည်းများ ဆုံးရှုံးမှုတွေနဲ့ အခြားအခက်အခဲများကို နေ့စဉ်နေ့တိုင်း ကြုံတွေ့လာကြရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။