အခုကာလက အစစ အရာရာခက်ခဲနေတဲ့ ကာလဖြစ်တာကြောင့် လူအများက အခြေအနေဆိုးကြီးကို ရင်ဆိုင်အံတုနေကြရပါတယ်။ ဒီအထဲမှာ YGW ပရဟိတ မိဘမဲ့ ကျောင်းလည်း အပါအဝင်ပဲဖြစ်ပါတယ်။ YGW ပရဟိတ မိဘမဲ့ကျောင်းဟာ ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ် အကျော် ၊ သနပ်ချောင်းကျေးရွာမှာ တည်ရှိတဲ့ ကျောင်းလေးဖြစ်ပါတယ်။

Ashin Tayzeinda
Ashin Tayzeinda

အနယ်နယ်အရပ်ရပ်က မိဘတွေ ဆက်ပြီး မမွေးနိုင်တော့တဲ့ ကလေးငယ်လေးတွေကို ဘုန်းဘုန်းတွေက တာဝန်ယူ စောင့်ရှောက်ပေးနေတညဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် ကုန်ဈေးနှုန်း ဆီဈေးနှုန်း အဖက်ဖက်က ဈေးကြီးလာတာကြောင့် မိဘမဲ့ကျောင်းလေး အခက်တွေ့နေရတဲ့အကြောင်းကို ဘုန်းဘုန်းက အခုလို ဝေမျှထားပါတယ်။

Ashin Tayzeinda
Ashin Tayzeinda

“စားဆီမရှိတော့ဘူး???

မီးဆက်ဆီ ဝယ်ရအုံးမယ်???

နို့မှုန့်နဲ့ဒိုက်ဘာလဲ ကုန်နေပြီ???

အားလုံးခက်ခဲနေကြတဲ့ အခုလိုအချိန်မှာ

နောက်ဆုံးလက်နက်အနေနဲ့

မဖောက်တာကြာပြီဖြစ်တဲ့ အလှူခံပုံးလေးကို

ရင်ထဲမှာတော့ သောကတွေကိုယ်စီဖြင့်

အချင်းချင်း အပြန်အလှန်အားပေးကြရင်း

Ashin Tayzeinda
Ashin Tayzeinda

ရှိတဲ့ပိုင်ဆိုင်မှုလေးကို ရေတွက်နေကြရပြီဗျာ

ကိုယ်တိုင်မလှူနိုင်ရင်တောင်

ကျေးဇူးပြုပြီးတော့ shaerပေးကြပါအုံး???

YGWပရဟိတမိဘမဲ့ကျောင်း

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်

သနပ်ချောင်းကျေးရွာ

09792008169 A SHIN TAY ZEIN DA

                            k pay---wave pay

09797618643”

Ashin Tayzeinda
Ashin Tayzeinda
Ashin Tayzeinda

အလှူခံပုံးလေး မဖောက်တာကြာတဲ့အကြောင်းကို ထွက်ရှိလာတဲ့ ငွေစက္ကူ အကြွေလေးတွေက သက်သေပြနေပါတယ်။ YGW မိဘမဲ့ကျောင်းလေးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းလိုပါက ဘုန်းဘုန်းပြောထားတဲ့ အပေါ်က လိပ်စာလေးအတိုင်း သွားရောက်လှူဒါန်းနိုင်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။