လက်ရှိဖြစ်ပေါ်နေသော ယူကရိန်းနှင့်ရုရှား ပဋိပက္ခအတွင်းတွင် လက်နက်ကိုင်တိုက်ပွဲဝင်ရန် ယူကရိန်းသို့သွားရောက်မည့် မည်သည့် စင်ကာပူနိုင်ငံသားမဆို ပြစ်မှုမြောက်ကြောင်း စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာန (MHA) က ယမန်နေ့ မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
စင်ကာပူနိုင်ငံသားတွေအနေနဲ့ ယူကရိန်းနိုင်ငံသို့ သွားရောက်ကာ လက်နက်ကိုင်တိုက်ပွဲဝင်ရန် စိတ်ဓာတ်ပြင်းထန်လျက်ရှိနေကြောင်းကို စင်ကာပူဆိုင်ရာ ယူကရိန်းနိုင်ငံ သံရုံးကနေ တစ်ဆင့် သိရှိရတယ်လို့ သိရပါတယ်။
ဒါကြောင့် စင်ကာပူနိုင်ငံသားတွေ အနေနဲ့ စင်္ကာပူနိုင်ငံမှာရှိနေစဉ် တိုက်ပွဲဝင်ရန်ကြိုးစားမှု ၊ တိုက်ပွဲဝင်ရေး လှုံ့ဆောင်မှု တွေကို ရပ်တန့်ရမည်လို့ဆိုပါတယ်။ ယူကရိန်းနိုင်ငံသို့ တိုက်ပွဲဝင်ရန် သွားရောက်မည့် မည် သည့် စင်ကာပူနိုင်ငံသားမဆို ပြစ်ဒဏ်မြောက်တယ်လို့ဆိုပြီး အကယ်၍ ကူညီချင်ပါက တရားဝင် အဖွဲ့အစည်းတွေကနေ တစ်ဆင့် ကူညီနိုင်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
ယူကရိန်းနိုင်ငံဟာ လက်ရှိမှာ ရုရှားရဲ့ ကျူးကျော်စစ်ကို ပြန်လည် ခုခံတိုက်ခိုက်နေပြီး နိုင်ငံတွင်းနေပြည်သူအများအပြားဟာလည်း ဒုက္ခတွေ ရောက်နေကြပါတယ်။ ရုရှားရဲ့ ယူကရိန်းနိုင်ငံအပေါ် အနိုင်ကျင့်မှုကို တစ်ကမ္ဘာလုံးက မျက်ကွယ်မပြုနေနိုင်ဘဲ ယူကရိန်းကို ကူညီဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားပေးနေကြပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။