သြစတေးလျနိုင်ငံ ပြည်နယ် ၂ ခုမှာ ရာသီဥတုဖောက်ပြန်မှုနဲ့ လာနီညာရာသီဥတုအခြေအနေကြောင့် စံချိန်တင်မိုးများ နှစ်ပတ်တိုင်အောင် ရွာသွန်းခဲ့ပါတယ်။ မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ် ။

Australia flooding
Australia flooding

အချိန်ကြာသည့်တိုင် ရေကြီးမှုက ရပ်တန့်မသွားဘဲ ဆက်လက်ဖြစ်နေတာကြောင့် သြစတေးလျနိုင်ငံ ဝန်ကြီးချုပ် Scott Morrison က ဗုဒ္ဓဟူးနေ့မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ရေကြီးမှုကနေ လွတ်အောင် ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အသိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ရေကြီးမှုကြောင့် သြစတေးလျနိုင်ငံ နယူးဆောက်ဝေးနဲ့ ကွင်းစလန်တို့မှာ လူ ၂၁ ဦးသေဆုံးခဲ့ပြီး နေအိမ်များလည်း ပျက်ဆီးခဲ့ပါတယ်။

Australia flooding
Australia flooding

ရေကြီးမှု အကြီးအကျယ် ဖြစ်နေတာကြောင့် Sydney နဲ့  Brisbane မြို့ အပြင် နီးစပ်ရာမြို့တွေမှာနေထိုင်တဲ့ ဒေသခံ ထောင်ပေါင်းများစွာကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ကြေညာချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Australia flooding
Australia flooding

အခုလိုမျိုးအရေးပေါ်ကြေညာချက်က သြစတေးလျနိုင်ငံမှာ ၂၀၁၉ ခုနှစ် တောမီးလောင်မှုတုန်းကလည်းတစ်ခါ ကြေညာခဲ့ဖူးပါတယ်။

Australia flooding

အခုတစ်ခေါက် ရေကြီးမှုမှာလည်း သြစလေးလျ အစိုးရရဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်မှု နှေးကွေးမှု ၊ အချိန်မီကြိုတင်ပြင်ဆင်နိုင်ခြင်းမရှိဘူး ၊ အစီအစဉ်တကျ ကိုင်တွယ်နိုင်ခြင်းမရှိမှုတို့ ကြောင့် အနည်းဆုံး လူအယောက် ၂၁ ဦးသေဆုံးခဲ့ပြီး နေအိမ်များစွာ ပျက်စီးခဲ့ရတဲ့အပေါ် ဝေဖန်မှုများစွာရှိနေခဲ့ပါတယ်။

Australia flooding

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။