အခုနောက်ပိုင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေတာကတော့ ယူကရိန်းနိုင်ငံက အသက် ၁၁ နှစ်အရွယ် ကလေးငယ်လေးပဲဖြစ်ပါတယ်။ ကောင်လေးရဲ့ မိဘတွေက ယူကရိန်းနိုင်ငံမှာပဲ အသက်သေသည်အထိ နေသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ကောင်လေးက မိဘတွေလက်မှာရေးပေးလိုက်တဲ့ ဖုန်းနံပါတ်လေးနဲ့ မိုင် ၆၀၀ ဝေးတဲ့ ခရီးကို တစ်ယောက်တည်း လျှောက်လှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

 Pic: Ministerstvo vnutra SR

ကောင်လေးရဲ့ဆွေမျိုးတွေက ဆလိုဗားကီးယားမှာ ရှိတာကြောင့် မိဘတွေအနေနဲ့ သူတို့သားလေး ဆွေမျိုးတွေဆီကို ရောက်ရန် လွှတ်လိုက်တာဖြစ်ပြီး ကောင်လေးကလည်း မကြောက်မရွံ့ တစ်ယောက်တည်း ဆလိုဗားကီးယားအထိ ရောက်အောင်သွားနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းကလူအများရဲ့ ချီးကျူးခြင်းကိုခံနေရတာဖြစ်ပါတယ်။

 Pic: Ministerstvo vnutra SR

အသက် ၁၁ နှစ်အရွယ်ကောင်လေးမှာ အိတ်ရယ် ၊ နိုင်ငံကူးလက်မှတ်ရယ် လက်မှာရေးထားတဲ့ဖုန်းနံပါတ်လေးရယ် သုံးမျိုးသာပါပြီး ရည်ရွယ်ထားတဲ့ ပန်းတိုင်ခရီးကို အရောက်လှမ်းဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ကောင်လေးရဲ့ သတ္တိကို ဆလိုဗားကီးယားဝန်းကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကိုယ်တိုင် ချီးကျူးဂုဏ်ပြုပေးထားပါတယ်။

တစ်ကိုယ်တော်ခရီးလျှောက်လှမ်းလာသူ ကောင်လေးကို ဆလိုဗားကီးယားပြည်နယ် နယ်နိမိတ်က စေတနာ့ဝန်ထမ်းတွေက ကောင်လေးရဲ့ လက်မှာရေးထားတဲ့ ဖုန်းနံပါတ်လေးရယ် စာရွက်အပိုင်းအစလေးရယ်ကို အသုံးပြုပြီး အမျိုးတွေဆီကို ရောက်ရှိအောင် ပို့ဆောင်ပေးပြီးပြီလို့ သိရပါတယ်။ အသက် ၁၁ နှစ်အရွယ်သာရှိသေးပေမယ့် မိဘတွေကို နောက်ဆံမတင်းစေဘဲ ရည်ရွယ်ထားတဲ့ အတိုင်း ရောက်အောင်သွားနိုင်တဲ့ ယူကရိန်းကောင်လေးရဲ့ ထူးချွန်ထက်မြတ်မှုကတော့ တကယ်ကို အံ့သြစရာကောင်းလှပါတယ်နော်။

 Pic: Ministerstvo vnutra SR

ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး ဆလိုဗားကီးယား နိုင်ငံကိုရောက်ရှိလာတဲ့ ယူကရိန်းနိုင်ငံသား စုစုပေါင်း ၁သိန်း ၂ သောင်း ၈ ထောင်ကျော်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။