အခုနောက်ပိုင်းမှာ စားသုံးဆီဈေးတွေ အဆမတန်မြင့်တတ်လာမှုကြောင့် ပြည်သူများအနေနဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်လာရပါတယ်။ ဆီဈေးတွေအနေနဲ့ အခုရက်ပိုင်းမှာ စံချိန်တင်မြင့်တတ်လာလျက်ရှိနေပြီး အခြေခံလူတန်းစားတွေအနေနဲ့လည်း ဆီဈေးအဆမတန်မြင့်တတ်လာမှုကြောင့် မဝယ်နိုင်တဲ့ အခြေအနေထိ ဖြစ်နေပါပြီ။

Photo - Credit to Original Uploader
Photo - Credit to Original Uploader

စားသုံးဆီဈေးက ရိုးရိုးစားအုန်းဆီဈေးတောင် ၈၀၀၀ ကျပ်နီးပါးအထိ ရှိနေပါပြီ။ ဆီကုန်သည်များအနေနဲ့လည်း ဆီဈေးအဆမတန် မတတ်လာအောင် အတတ်နိုင်ဆုံး ကြိုးစားထားတာတွေရှိပါတယ်။ အခုပုံရိပ်ကလေးကတော့ ရန်ကုန်မြို့ညောင်ပင်လေးဈေးမှာ စားအုန်းဆီ ၁ ပိဿာ ၅၀၀၀ ကျပ်နှုန်းဖြင့် တစ်ဦးကို ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးနေတာ ဖြစ်ပါတယ်။ အခြားမြို့နယ်ကနေရာတွေမှာလည်း စားအုန်းဆီကို ၁ ပိဿာ ၅၀၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦး ၁ ပိဿာနှုန်းဆီ တန်းဆီ ဝယ်ယူနေရတာမျိုးတွေရှိနေပါတယ်။ ဒါပေမယ့်လည်း ဝယ်လိုအားနဲ့ရောင်းလိုအား မမျှတာကြောင့် ဆီဈေးနှုန်းက ပြန်ကျခြင်းမရှိဘဲ အခုဆိုရင် စံချိန်တင်မြင့်တတ်သွားတဲ့အထိ ရှိနေပါပြီ။

Photo - Credit to Original Uploader
Photo - Credit to Original Uploader

ပြည်ပဒေါ်လာနှုန်း မြင့်တတ်လာတာကြောင့် မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ စားအုန်းဆီဈေးက ပြည်တွင်း ပဲဆီဈေးနီးပါးရှိလာပြီး ပြည်တွင်းစားသုံးဆီများကလည်း ကုန်ကြမ်းများရှားပါးလာမှု ဝယ်လိုအားနဲ့ရောင်းလိုအား မမျှမှုတို့ကြောင့် အဆမတန်ဈေးနှုန်းများ မြင့်တတ်လျက်ရှိနေပါတယ်။

Photo - Credit to Original Uploader

အရင်ကဆိုရင် စားအုန်းဆီဈေးက တ၁ ပိဿာကိုကို ၃၀၀၀ ကျပ်ဝန်းကျင်လောက်ပဲရှိပေမယ့် အခုအချိန်မှာတော့ ၁ ပိဿာ ၈၀၀၀ ကျပ်နီးပါးအထိ ဈေးပေးဝယ်ယူနေရတာမျိုးတွေ ရှိနေပါပြီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။