ထိုင်းနိုင်ငံက အသက် ၁၀၂ အရွယ် အဖိုးအို Sawang Janpram ဟာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၂၇.၀၈ စက္ကန့်နဲ့ စံချိန်ချိုးပြီး အနိုင်ရရှိခဲ့ပါတယ်။ ဒီစံချိန်က အသက် ၁၀၂ နှစ်အရွယ် အဖိုးအိုအရွယ်နဲ့ တော်တော်လေး အံ့သြဖို့ကောင်းတယ်လို့ပြောရမှာပါ။ အဖိုး Sawang ကိုထိုင်းနိုင်ငံကသူတွေက အသက်အကြီးဆုံး အားကစားသမားအဖြစ်သိထားကြပါတယ်။ အဖိုး Sawang ကထိုင်းနိုင်ငံရဲ့ သက်ကြီးအားကစားပြိုင်ပွဲမှာ တစ်နှစ်တာအတွင်း ရွှေတံဆိပ် ၄ ခုရထားတဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အနောက်တောင်ဘက် Samut Songkhram စီရင်စုမှာ ကျင်းပတဲ့ အသက် ၁၀၀ ကနေ ၁၀၅ နှစ်ကြား အားကစားပြိုင်ပွဲမှာလည်း အဖိုးက ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေထဲမှာ အဖိုးက အသက်အကြီးဆုံးဖြစ်ပြီး အားကစားမှာလည်း ထူးချွန်တဲ့သူဖြစ်ပါတယ်။
“အားကစားလုပ်တာက ကျုပ်ကို ကျန်းမာပြီးသန်မာစေပါတယ်။ အစားစားချင်စိတ်ကိုလည်း ပိုဖြစ်စေတယ်။”
လို့ အဖိုး Sawang က သူအသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာနေထိုင်ရတဲ့ လျို့ဝှက်ချက်ကို ပြောခဲ့ပါတယ်။
အဖိုး Sawang က သူ့ရဲ့ အသက် ၇၀ နှစ်အရွယ် သမီးဖြစ်သူ Siripan နဲ့ နေ့တိုင်းလိုလို လမ်းလျှောက်လေ့ရှိပြီး အိမ်မှာလည်း ခြုံထဲက သစ်ရွက်ခြောက်တွေ အမြဲ ရှင်းလေ့ရှိတယ်လို့ သိရပါတယ်။
၁၀၂ နှစ်အရွယ်အဖိုးက အားကစားပြိုင်ပွဲတွေအတွက် ကြိုတင်လေ့ကျင့်ထားတာကြောင့် အခြားသူတွေအတွက် ပိုပြီး တတ်ကြွနေတာဖြစ်တယ်လို့လည်းဆိုပါတယ်။ အဖိုးဟာ သမီးဖြစ်သူနဲ့အတူ အားကစားစင်တာတွေမှာလည်း တစ်ပတ်မှာ တစ်ရက် တစ်နေ့ကို ၂ ကြိမ် အမြဲလေ့ကျင့်လေ့ရှိတယ်လို့ သိရပါတယ်။
“ကျွန်မ အဖေက အမြဲအကောင်းမြင်စိတ်ထားတယ် .. ဒါကြောင့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေက အရမ်းကောင်းတယ်။ စိတ်ကျန်းမာတော့ ကိုယ်လည်းကျန်းမာတာပေါ့”
လို့ အဘရဲ့ သမီးဖြစ်သူကလည်းဆိုပါတယ်။
အဖိုးဟာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာလည်း အမြန်ဆုံး အားကစားသမားအဖြစ် သက်ကြီးအားကစားသမားတွေထဲမှာ စံချိန်အသစ်ကို ချိုးနိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ သက်ကြီးအားကစားပြိုင်ပွဲမှာ အသက် ၃၅ နှစ်ကနေ ၁၀၂ နှစ် အတွင်း အသက်အရွယ်ရှိတဲ့ အားကစားသမားပေါင်း ၂၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့သူတွေက အသက်အရွယ်ကို စိတ်ထဲမထားဘဲ အားကစား စိတ်ဓာတ်နဲ့ တတ်တတ်ကြွကြွဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။