ဒီကနေ့  ဖေဖော်ဝါရီလ ၂၅ ရက်နေ့ညမှာယှဉ်ပြိုင် ကစားခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် စပါးအုံးကြီးအောင်လအန်ဆန်းနဲ့ ရုရှားနိုင်ငံသား ဗစ်တာလီဗစ်ရှ်တို့ ပွဲစဉ် လေးရဲ့ ရလာဒ်ထွက်ရှိလို့လာခဲ့ပါပြီ။ အောင်လဟာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အကောင်းဆုံး တောင့်ခံထားပြီး ပြိုင်ဘက်ကို အနိုင်ရအောင် ကြိုးစားခဲ့ပေမယ့်လည်း စိတ်မကောင်းစွာ ရှုံးနိမ့်ခဲ့ရပါတယ်။

Google

ပွဲစဉ်တစ်လျောက်လုံးမှာ ရုရှားနိုင်ငံသား ဗစ်တာလီဗစ်ရှ်က အောင်လကို ချုပ်နေခဲ့ပြီး နောက်ဆုံး ၃ ချီအပြီးမှာ ဒိုင်အဆုံးအဖြတ်နဲ့ မြန်မာစပါးအုံးကြီး အောင်လ ရှုံးနိမ့်ခဲ့ရပါတယ်။

Screenshots

မကြေပွဲဖြစ်တာကြောင့် ရုရှားသားက အောင်လကို ရှယ်ချုပ်မယ်ဆိုပြီး အပြီအပြင် ပြင်ဆင်လာတဲ့ပုံပါပဲ။ အောင်လရဲ့ ပွဲစဉ်လေးကို အောက်ကဗီဒီယိုလေးမှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

Video Credit to Original Uploader

အခုပွဲစဉ်က  အောင်လနဲ့ဗစ်တာလီဗစ်ရှ်တို့ တတိယမြောက် မကြေပွဲ အနေနဲ့ ယှဉ်ပြိုင်ခဲ့တာကြောင့် ချန်ပီယံလုပွဲတော့ မဟုတ်ပါဘူး။ အောင်လနဲ့ ဗစ်တာလီဗစ်ရှ်တို့ဟာ အရင်ပွဲစဉ်တွေမှာ တစ်ယောက်တစ်ပွဲစီ အနိုင်ရရှိထားပြီး အခုတတိယမြောက်အကြိမ် မကြေပွဲ ထပ်မံယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။