ယူကရိန်းနဲ့ရုရှားရဲ့ အခြေအနေကတော့ ပိုပိုပြီးတင်းမာလာခဲ့ပါပြီ။ ဒီကနေ့မှာဆိုရင် ရုရှားဘက်ကနေ ယူကရိန်းနိုင်ငံကို ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစလို့ ပေါက်ကွဲသံတွေ ကြားလာရပြီး စစ်ငွေ့တွေ သန်းလာခဲ့တာဖြစ်ပါတယ်။

 Credit to Original Uploader

ယူကရိန်းကိုဝိုင်းထားတဲ့ ရုရှားတပ် ၁ သိန်း ၆ သောင်းကျော်ဟာလည်း ထိုးစစ်အတွက် ပြင်ဆင်နေကြတယ်လို့ ကြေညာထားတာကြောင့် စစ်ပွဲဟာ ဒီကနေ့ ညမှာ စတင်ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ ဗုံးကြဲခံရတဲ့နေရာတွေနဲ့ အနီးစပ်ဆုံးမှာ ရှိနေတဲ့ ယူကရိန်းနိုင်ငံက ပြည်သူတွေကလည်း အခုလို စစ်ရိပ်ယောင်တွေ သန်းလာတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

Getty Image
Getty Image
 Credit to Original Uploader

 မြို့တော်ကိယက်ဗ်က ပြည်သူတွေကတော့ မိုးမလင်းခင်မှာကတည်းက လုံခြုံမယ်ထင်ရတဲ့နေရာတွေကို ရွှေ့ပြောင်းနေကြပါပြီ။ စစ်ပွဲကြီးသာ စတင်ခဲ့ရင် စစ်ဘေးရှောင်ပြည်သူတွေ ၅ သန်းလောက်အထိ ရှိလာနိုင်ပါတယ်။

 Credit to Original Uploader

ယူကရိန်းပြည်သူတွေ ထိတ်ထိတ်ပြာပြာနဲ့ စိုးရိမ်မကင်း ဖြစ်နေကြတဲ့ မြင်ကွင်းကိုမြင်ရတာ ကိုယ်ချင်းစာ ပူလောင်မိပါတယ်။

 Credit to Original Uploader
 Credit to Original Uploader
Getty Image

ရုရှားဘက်က ယူကရိန်းရဲ့ အခြေခံ အဆောက်အအုံတွေနဲ့ နယ်ခြားစောင့် တပ်ဖွဲ့တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပေမယ့် ဘယ်နေရာတွေ တိုက်ခိုက်ခံရတာလဲဆိုတာကိုတော့ တိတိကျကျ ပြောထားခြင်းမရှိပါဘူး။ လက်နက်ကြီးကျရောက်မှုတွေကတော့ မြို့လယ်ခေါင်ထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူကရိန်းတပ်တွေကရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြန်လည်ခုခံနေပြီလို့ သိရပါတယ်။

Getty Image
Getty Image

သတင်းအရင်းမြစ်: Aljazeera

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။