ထိုင်းအမျိုးသားတစ်ယောက်ဟာ ထိုင်းထီမပေါက်သဖြင့် သူကိုးကွယ် ဆုတောင်းခဲ့ရာနတ်ကွန်းကို မီးရှို့ပြီး ဗီဒီယိုကို TikTok ပေါ်တင်ခဲ့ပါတယ်။

TikTok

အဆိုပါအမျိုးသားဟာ နတ်ကွန်းကို ယုံယုံကြည်ကြည်ဆုတောင်းကာ ကိုးကွယ်ခဲ့ပေမယ့်လည်း ထီတစ်ကြိမ်မှမပေါက်သောကြောင့် နတ်ကွန်းကိုမီးရှို့ ခဲ့တာလို့သိရပါတယ်။

Asian Now

နတ်ကွန်းကို မီးရှို့ခဲ့သူ အမျိုးသားဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ၊ ဘူရီရမ်မြို့ ၊ အီဆန်ရက်ကွက်မှာနေထိုင်တဲ့ အသက် ၄၀ နှစ်အရွယ် Nikorn ဖြစ်ပါတယ်။ Nikorn ကို ခေါင်းမပါတဲ့သရဲတစ်ကောင်က နေစရာမရှိတာကြောင့် နေစရာပေးလေးရန် အကူအညီတောင်း အိမ်မက်ပေးခဲ့တာကြောင့် Nikorn က နတ်ကွန်းဆောက်ပြီး နေစရာပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Nikorn ဟာ နတ်ကွန်းကို ၃ နှစ်တိုင်တိုင် စားစရာမုန့်များဖြင့် ပူဇော်ပသခဲ့ပြီး ထီဂဏန်းတောင်းခဲ့သော်လည်း တစ်ခါမှ ထီမပေါက်ဘဲ အမြဲတမ်းလွဲသောကြောင့် စိတ်ဆိုးဒေါသထွက်ကာ အခုလိုမျိုး မီးရှို့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Photo From Original Video 's Screenshots

မီရှို့သူအမျိုးသားရဲ့အဆိုအရ မီးရှို့တဲ့အချိန်မှာ သစ်ပင်နဲ့အိမ်မပါသွားဘဲ နတ်ကွန်းတစ်ခုသာပါသွားတယ်လို့ သိရပါတယ်။ မီးရှို့ခဲ့ပြီးနောက်မှာတော့ Nikorn က ပိုကောင်းပြီး ပိုကျယ်တဲ့ နတ်ကွန်း ဆောက်ပေးမယ်လို့ ကတိပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo From Original Video 's Screenshots

လူတော်တော်များမျာကတော့ Nikorn ရဲ့ အခုလို လုပ်ရပ်ကို ရှုံ့ချကြပြီး သွားပြီး မစသင့်ကြောင်းဆိုပါတယ်။ ယုံကြည်မှုအရ ကိုးကွယ်တဲ့ ထိုင်းနိုင်ငံက နတ်တွေမှာ နတ်ကောင်းလည်းရှိသလို နတ်ဆိုးတွေလည်း ရှိနိုင်တာကြောင့် Nikorn ရဲ့ လုပ်ရပ်က အရမ်းကို ရဲတင်းပြီး အကြောက်အလန့်မရှိဘူးလို့လည်း ဆိုကြပါတယ်။

သတင်းအရင်းမြစ်: Asian Now

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။