Wiyada Pontawee အမည်ရှိ OnlyFans ထိုင်း မော်ဒယ်တစ်ယောက်ရဲ့ ဓာတ်ပုံရိုက်ကူးရေးပွဲဟာ ၂ နှစ်အရွယ် သားဖြစ်သူကို သေဆုံးစေခဲ့တာကြောင့် ထိတ်လန့်ကြောက်မတ်ဖွယ်ရာ ပွဲအဖြစ် နာမည်ကြီးသွားခဲ့ရပါတယ်။ Yahoo News Australia ရဲ့ အဆိုအရ Wiyada Pontawee ဟာ အသက် ၂၆ နှစ်အရွယ် Onlyfans မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။

Image from Wiyada Pontawee's Facebook page

Wiyada Pontawee ဟာ ဓာတ်ပုံဆရာ ခင်ပွန်းဖြစ်သူနဲ့ သား၂ ယောက်အတူတူနေထိုင်တဲ့အိမ်မှာ Valentine’s Day နေ့တုန်းက ပါတီပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပါတီပွဲတတ်ရောက်တဲ့သူတွေကို Wiyada Pontawee တို့ဇနီးမောင်နှံက ဓာတ်ပုံရိုက်ကူးရေးတွေကိုပါ ပြုလုပ်ပေးခဲ့တာကြောင့် ကလေးတွေကို ပြန်မကြည့်နိုင်ဖြစ်ခဲ့ပါတယ်။

Image from Wiyada Pontawee's Facebook page

မိခင်ဖြစ်သူ အိမ်ထဲမှာ ဓာတ်ပုံရိုက်ကူးရေးလုပ်နေစဉ်အတွင်းမှာ အသက် ၂ နှစ်အရွယ် သားဖြစ်သူ Chawanakon Hancharoenpanna လေးဟာ ရေကူးကန်ထဲမှာ ရေနစ်သေဆုံးခဲ့ရပါတယ်။

Image from Wiyada Pontawee's Facebook page

ဖခင်ဖြစ်သူ သိသိချင်းမှာသွားရောက်ကယ်ဆယ်ပြီး ဆေးရုံကိုချက်ချက်း ပို့ဆောင်ခဲ့ပေမယ့် သားဖြစ်သူကို မကယ်တင်နိုင်ခဲ့ပါဘူး။ မိခင်အနေနဲ့လည်း ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြေကွဲမှုကြီး ဖြစ်ခဲ့ရပါတယ်။ မိခင်ဖြစ်သူ Wiyada ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း သားဖြစ်သူအတွက်နောင်တရတဲ့ စာလေးတွေ အခုလို ရေးတင်ထားပါတယ်။

"ကျွန်မသည်းမခံနိုင်တော့ဘူး ..ကျွန်မ အသက်မရှင်ချင်တော့ဘူး"

Image from Wiyada Pontawee's Facebook page

ယူကြုံးမရတဲ့ ဆုံးရှုံးမှုကြီးဟာ အပျော်တွေလုပ်ရင်းဖြစ်ခဲ့တာကြောင့် မိဘတွေအနေနဲ့ မိမိရဲ့ သားသမီးတွေကို ဘယ်အချိန်မဆို သတိမလွတ်စေဘဲ စောင့်ကြည့်ကြဖို့ ဒီနေ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။