ဝက်ဝံကြီးဟာ ပျမ်းမျှဝက်ဝံထက်ကြီးမားပြီး အလေးချိန် ပေါင် ၅၀၀ (၂၂၇ ကီလိုဂရမ်) အလေးချိန်ရှိပြီး အစာအဆက်မပြတ်ရရှိမှုကြောင့် ဆောင်းရာသီတွင် ဆောင်းခိုနေပုံရပါတယ်။ ဒီတောရိုင်းတိရိစ္ဆာန် ၀က်ဝံကြီးဟာ လူသားများပတ်ဝန်းကျင်တွင် အလွန်သက်တောင့်သက်သာရှိရှိနဲ့ ကြီးထွားလာတာဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ တောရိုင်းတိရစ္ဆာန်အဖွဲ့တွေက သူ့ကို ဘေးမဲ့တောတစ်ခုဆီ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုနေကြပါတယ်။
Hank ဟာ သော့ခတ်ထားတဲ့ အိမ်များကို လမ်းလျှောက်သွားခြင်းဖြင့် သူရဲ့အမည်ပြောင်ကို ရရှိခဲ့ပါတယ်။ ကယ်လီဖိုးနီးယားငါးနှင့် တောရိုင်းတိရစ္ဆာန်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Peter Tira က "အိမ်တွေထဲကို အတင်းဝင်ရောက်ဖို့ သူ့ရဲ့ အရွယ်အစားနဲ့ ခွန်အားကို အသုံးပြုဖို့ သင်ယူခဲ့တာပါ။ သူက ကားဂိုဒေါင်တံခါး၊ အိမ်ရှေ့တံခါးနဲ့ ပြတင်းပေါက်ကြီးေတွကနေ ဖြတ်သွားတက်ပါတယ်။" ဒါကြောင့်ပဲ ရဲတွေကု သူ့ကိုအလိုရှိနေကြတာဖြစ်ပါတယ်။
စာနယ်ဇင်းများတွင် Hank ဟာ အလွန်ကြီးမားသောအရွယ်အစားကြောင့် အလွယ်တကူ ခွဲခြားသိမြင်နိုင်ကြောင်း South Lake Tahoe ရဲဌာနမှ အဆိုအရ သိရှိရပါတယ်။ ပဲအိတ်ခွံများ၊ ဥဩများ၊ နှင့် ဝက်ဝံေတွမုန်းတီးတဲ့ ကလစ်သံများဖြင့် ၀က်ဝံကြီး ဟန့်ကို မောင်းထုတ်ခြင်း တစ်ခါ မအောင်မြင်ခဲ့ကြပါဘူး။
ဒေသခံတောရိုင်းတိရိစ္ဆာန်ထောက်ခံအားပေးရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Bear League မှ Hank ဟာ လူေတွစားတဲ့အစာကုိ စားချင်စိတ်ကြောင့် ဝက်ဝံနက်ကြီးရဲ့ အလေးချိန်ဟာ ပျမ်းမျှပေါင် 100 မှ 300 ပေါင်အထိ အရွယ်အစားရှိရမည်ဟု ဆိုကြပါတယ်။ လူတွေကတော့ သူ့ကို အသေသတ်ဖို့အကြံမပြုပဲ ဘေးမဲတောထဲကို ပို့ချင်နေကြပါတယ်။
တာဝန်ရှိသူများက Hank အကြောင်း ဖုန်းခေါ်ဆိုမှုပေါင်း 150 ကျော်ကို လက်ခံရရှိထားပြီဖြစ်ပါတယ်။ ၀က်ဝံကြီးဟာ လွန်ခဲ့တဲ့ ခြောက်လအတွင်း နေအိမ် ၄၀ နီးပါးကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး တစ်ခါတစ်ရံတွင် ဆိုးရွားစွာ ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ တာ၀န်ရှိသူတစ်ယောက်ကတော့ သူ့ကိုအစားေတွမကျွေးရင် ခုလိုေတွဖြစ်လာမှာ မဟုတ်ကြောင်း ပြောပြခဲ့ပါသေးတယ်။
သတင်းအရင်းမြစ်: CNN
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။