လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လက်ရေးအလွန်လှသောကြောင့် နာမည်ကြီးလူပြောများနေတဲ့ ကိုရင်လေး ရှင်ခေမိဿရဟာ ပထမဆင့် မူလတန်းစာမေးပွဲကို ဒုတိယဆုဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တာကြောင့် ဆုပေးပွဲ အခန်းအနားကိုတတ်ရောက်ခွင့်ရရှိခဲ့ပါတယ်။

Photo - Credit
Photo - Credit

"ပရိယတ္တိနုဂ္ဂဟ သာသနသိပ္ပံသာမဏေကျော် (တောင်ငူ) တိုက်တွင်းစာမေးပွဲ" ဂုဏ်ထူးဆု (နှင့်)စာအောင်ဆုရ သံဃာတော်များအား ဆုနှင်းသဘင် အခမ်းအနား ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရေးလှကိုရင်လေး လည်း ဆုပေးပွဲအခန်းအနားကို ထီးဖြူမိုးကာ တတ်ရောက်ခွင့်ရရှိခဲ့ပါတယ်။

Credit - Shin Nandi Thaena
Credit - Shin Nandi Thaena
Credit - Shin Nandi Thaena

ကိုရင်လေး ရှင်ခေမိဿရဟာ လက်ရေးလှရုံသာမက စာပေပညာမှာလည်း ထူးချွန်တဲ့ ကိုရင်ဖြစ်တာကြောင့် အခုလိုမျိုး သာသနာတော်ရဲ့ ချီးမြှောက်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။

Credit - Shin Nandi Thaena

နောက်တစ်ချိန်မှာလည်း ကိုရင်လေးကို ဆက်လက်ပြီး ထောက်ပံ့ပေးဖို့အတွက် ဝိုင်းဝန်းကြိုးစားလျက်ရှိပြီး သာသနာတော်ရဲ့ ကြယ်ပွင့်လေး တစ်ပွင့် ဖြစ်လာဖို့အထိ ရည်မှန်းထားကြတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။