အလုပ်အကိုင်တွေ ရှားပါးလာတာနဲ့အမျှ အွန်လိုင်းပေါ်မှာ အလုပ်ခေါ်စာအတုတွေကလည်း ပိုပိုများလာပါတယ်။ အလုပ်ခေါ်စာအတုတွေက နိုင်ငံခြားမှာ သွားအလုပ်လုပ်နိုင်မယ်။ လစာတွေ အများကြီးရမယ်။ ဒေါ်လာနဲ့ရမယ်။ ဘဝကြီးလုံးဝပြောင်းလဲသွားမယ်။ စသဖြင့် မတ်လုံးအကြီးကြီးတွေပေးပြီးခေါ်လေ့ရှိတဲ့ အလုပ်ခေါ်စာ အတုတွေဖြစ်ပါတယ်။ ဒီတရုတ်အမျိုးသားကလည်း အွန်လိုင်းပေါ်က ကြော်ငြာတွေကို ယုံကြည်မိပြီး သွေးလူကုန်ကူးဂိုဏ်းနဲ့ချိတ်ဆက်မိသွားတာဖြစ်ပါတယ်။

Google

မစ္စတာလီလို့ခေါ်တဲ့အဆိုပါအမျိုးသားဟာ ဖေဖော်ဝါရီလ အစောပိုင်းလောက်က Sihanoukville က သွေးကုန်ကူးဂုဏ်းထဲက အဖွဲ့ဝင်တစ်ယောက်အကူအညီနဲ့လွတ်မြောက်ခဲ့တဲ့သူဖြစ်ပါတယ်။ လက်ရှိမှာသူဟာ ဆေးကုသမှုခံယူနေပြီး ဆိုးရွားလွန်းလှတဲ့ အခြေအနေကနေတော့ လွတ်မြောက်သွားပြီလို့ သိရပါတယ်။

Google

၂၀၂၁ ခုနှစ် သြဂုတ်လကတည်းက အဆိုပါဂိုဏ်းက အသက် ၃၁ နှစ်အရွယ် မစ္စတာလီရဲ့ သွေးတွေကို တစ်လကို ၂၇ အောင်စအထိ ထုတ်ယူနေခဲ့တာဖြစ်ပါတယ်။ သွေးတွေကိုထုတ်ယူပြီး မှောင်ခိုပြန်လည်ရောင်းချခဲ့ပါတယ်။

Google

လွတ်မြောက်လာတဲ့ လီရဲ့ လက်မှာ အပ်ပေါက်ရာတွေအပြည့်ဖြစ်နေပြီးတစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ချည်းပါပဲ။ လီဟာ Shenzhen နဲ့ Beijing ပြည်နယ်မှာ လုံခြုံရေးအလုပ်လုပ်ကိုင်တဲ့ မိဘမဲ့ဖြစ်တစ်ယောက်လည်းဖြစ်ပါတယ်။ သွေးကုန်ကူးဂိုဏ်းက လီကို သွေးကျေးကျွန်တစ်ယောက်အဖြစ်ပြုလုပ်ပြီး တစ်ကိုယ်လုံးကသွေးတွေကိုနေ့တိုင်းဖောက်ထုတ်ခဲ့တာပါ။ ခန္ဓာကိုယ်ကသွေးတွေ မရှိတော့တာကြောင့် ဦးခေါင်းပိုင်းကသွေးတွေကို ဆက်လက်ပြီးဖောက်ထုတ်ခဲ့ပါတယ်။

Google

သွေးဖောက်ထုတ်ခံရတဲ့သူတွေထဲမှာ လီအပြင် အခြား လူ အနည်းဆုံး ၇ ယောက်အထိ အခန်းထဲမှာရှိနေတယ်လို့ လီက ဆိုပါတယ်။ လီရဲ့သွေးက Universal blood type ဖြစ်တဲ့ O negative ဖြစ်တာကြောင့် သူ့ရဲ့သွေးတွေကို အခြားလူတွေရဲ့ သွေးတွေထက်ပိုပြီး ဖောက်ထုတ်တယ်လို့ လည်း လီကဆိုပါတယ်။

Google

အကယ်၍သွေးကိုမပေးပါက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဝမ်းတွင်းကလီစာတွေကို ထုတ်ပြီးရောင်းစားမယ်လို့လည်း ခြိမ်းခြောက်ကြောင်း လီက ဆိုပါတယ်။ လီက အဆိုပါ အလုပ်ခေါ်စာအတုကို များပြားလှတဲ့ လစာတွေကို မက်မောခဲ့တာကြောင့် အွန်လိုင်းက တစ်ဆင့် လျှောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လီကို တရုတ် နယ်စပ်ကနေ တစ်ဆင့် ဗီယက်နမ် နိုင်ငံကို အရင်ပို့ပြီး ကမ္ဘောဒီးယားက သွေးကုန်ကူးတဲ့အဖွဲ့ဆီကိုရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးကတော့ ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး သေချာစုံစမ်းနေတယ်လို့ ဆိုထားပါတယ်။ လီလိုမျိုး အွန်လိုင်းက အလိမ်အညာ အလုပ်ခေါ်စာအတူတွေထဲ မြောပြီး ပါမသွားကြရလေအောင် ဗဟုသုတရဖွယ် အခုအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Newyork Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။