ပိတ်မိနေတဲ့ အာရုံကြောများ သက်သာရာရရန် ရေချိုးခဲ့တဲ့ ဗြိတိန်အမျိုးသားတစ်ဦးဟာ မိနစ်အနည်းငယ်အကြာတွင် တစ်သက်လုံး လှုပ်ရှားမရတော့တဲ့ထိ ဖြစ်သွားခဲ့ရပါတယ်။ အသက် 39 နှစ်အရွယ် Darren Roberts ဟာ 2019 ခုနှစ် ဇူလိုင်လတွင် သူ့ဘ၀ကိုပြောင်းလဲစေခဲ့တဲ့ နေ့ကစပြီး လမ်းမလျှောက်နိုင်ခြင်း၊ သူ့ကိုယ်သူ အစားမစားနိုင်ခြင်း သို့မဟုတ် ဝမ်းကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့တော့ပါဘူး။ ကိရိယာအငှားကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာဟောင်းဖြစ်တဲ့သူဟာ တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် ဝေလပြည်နယ်၊ Cynon Valley ရှိ သူ့ရဲ့ မိသားစုနေအိမ်မှာ တီဗီကြည့်နေခဲ့ပါတယ်။

လည်ပင်းနဲ့ ပခုံးတွေမှာ ရုတ်တရက် စူးစူးရှရှ နာကျင်မှုကို ခံစားရကာ သူ့လက်မောင်းမှာ အပ်တွေထိုးသလို ဖြစ်နေခဲ့ပြီး ဒီလိုဖြစ်ရတာဟာ အာရုံကြောကြောင့်လို့ ယူဆခဲ့ပါတယ်။ ရောဘတ်ဟာ နာကျင်မှုကို သက်သာစေရန် မျှော်လင့်ချက်ဖြင့် ရေချိုးခဲ့ကြောင်း Wales Online က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ခြေချောင်းတွေ၊ ခြေထောက်တွေ၊ တင်ပါးတွေ၊ လက်မောင်းတွေနဲ့ ခန္ဓာကိုယ်တွေက ထုံကျင်လာပြီး မိနစ် ၂၀ အတွင်းမှာပဲ သူ့ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့ပါဘူး။

သူဟာ ရေချိုးကန်ထဲမှာ ပိတ်မိနေပေမယ့် သူ့မိဘတွေက လူနာတင်ကား ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ ရေချိုးခန်းထဲမှာ ပိတ်မမိတာတော့ သူကံကောင်းခဲ့ပါတယ်။ အဲ့နောက် အသက် ၃၆ နှစ်အရွယ် Roberts ကို Merthyr Tydfil ရှိ Prince Charles ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး “ ကျွန်တော်ထင်ထားတာထက် ပိုပြင်းထန်ပါတယ်” လို့ သူကပြောပါတယ်။ သူရေချိုးနေရင်း ခန္ဓာကိုယ်ဟာ မလှုပ်နိုင်တော့ဘဲ လဲကျချိန်မှာ ခေါင်းနဲ့ ရေချိုးကန်နဲ့ ရိုက်မိခဲ့ပါသေးတယ်။ MRI စကင်န်ကို လုပ်ဆောင်ခဲ့ချိန်မှာ Roberts က သူဟာ လုံးဝ မလှုပ်မရှားဖြစ်သွား‌ေကြာင်း ပြောကြားခဲ့ပါတယ်။

အဲ့နောက် ရောဘတ်ကို ကာဒစ်ဖ်မြို့ရှိ University Hospital of Wales သို့ လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားချိန်မှာ ကိုးမား ဖြစ်သွားကြောင်း ဆရာ၀န်တွေက သတ်မှတ်ခဲ့ပါတယ်။ ကုသမှုကို ကောင်းစွာ မတုံ့ပြန်နိုင်တဲ့အခါတွင် သူ့မိသားစုဟာ သူမနိုးထလာမှာကို စိုးရိမ်ခဲ့ကြပါတယ်။ “ကျွန်တော့်မိသားစုကို အဆိုးဆုံးအတွက် ပြင်ဆင်ဖို့ ပြောထားပါတယ်” လို့ Roberts က ပြောပြခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ ကုသမှုကို စတင်တုံ့ပြန်ခဲ့ပြီး လေးပတ်အကြာမှာ သတိမေ့မြောနေရာကနေ လွတ်မြောက်လာခဲ့ပါတယ်။"

အဲ့နောက် Roberts ဟာ တစ်လကြာ သတိမေ့မြောပြီးနောက် သူ့မှာ အကြောသေနေသေးတယ်ဆိုတဲ့အချက်ကို သိရှိခဲ့ရပါတယ်။ သူ့ရဲ့ အခြေအနေဟာ ရေတစ်ကျိုက်လောက်သောက်ဖို့ကိုတောင် တောင်းဆိုးနေရတဲ့အခြေအနေဖြစ်ပါတယ်။ “ဆရာဝန်တွေက ကျွန်‌ေတာ့်ရဲ့အခြေအနေက ဘာဖြစ်လာမလဲဆိုတာ မသိတဲ့အတွက် ကျွန်‌ေတာ်ကို ပြန်ကောင်းလာမလားဆိုတာ မပြောနိုင်ပါဘူး။”

Roberts ဟာ သူ့ကျောရိုးကို ပြန်မပြောင်းနိုင်တဲ့ ထိခိုက်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ခါးဒဏ်ရာဟာ များသောအားဖြင့် ပြုတ်ကျခြင်း၊ ကားမတော်တဆဖြစ်ခြင်း၊ ပိုးဝင်ခြင်း၊ သေနတ်ပစ်ခံရခြင်း သို့မဟုတ် ဓားဒဏ်ရာများကြောင့်သာဖြစ်တက်ပါတယ်။ Roberts ဟာ 2019 ခုနှစ် စက်တင်ဘာလတွင် Cardiff ရှိ Rookwood ဆေးရုံသို့ ပြောင်းရွှေ့ခံရတဲ့အခါတွင် သူ့ရဲ့ကျောရိုးပြဿနာဟာ ဘ၀ကိုပြောင်းလဲ‌ေစမည်ဖြစ်‌ေကြာင်း အတည်ပြုခဲ့ပါတယ်။ သူဟာ ယနေ့ချိန်ထိ ဆေးရုံတွင် ၂၄ နာရီ စောင့်ရှောက်မှုခံယူနေရတုန်းပဲဖြစ်ပါတယ်။ တစ်ခုခုဖြစ်လို့ ရေချိုးတဲ့အခါ ဂရုတစိုက်နဲ့ ရေချိုးသင့်ပါတယ်။

သတင်းအရင်းမြစ်: New York Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။